ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၈) ၌ မည်သည့်အလုပ်မဆို ဇွဲလုံ့လဖြင့် ကြိုးစားပါက အောင်မြင်နိုင်ကြောင်း ပုံဖော်ထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုသည် ကောင်းမွန်ကြောင်းနှင့် စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး တန်ဖိုးတိုင်းတာကြောင်း ကလေးများ သိမှတ်ဖွယ် နှစ်မျက်နှာဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
စုပေါင်းအားနှင့် စည်းလုံးညီညွတ်မှုရှိက မည်သည့်အရာမဆို စွမ်းဆောင်နိုင်ကြောင်းကို ကလေးများ အတုယူတတ်စေရန် သုတဆောင်းပါးကဏ္ဍတွင် ဖော်ပြထားပါသည်။ မြန်မာ့ရိုးရာမြေအိုး မြေခွက်များ ပြုလုပ်ပုံကို သိရှိစေရန် အသိပညာဗဟုသုတပေးရေးဖွဲ့ထားသော ကလေး၀တ္ထုကိုလည်း စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ မတူကွဲပြားခြားနားချက်ရှာဖွေသည့် အစီအစဉ်နှင့် စက္ကူရုပ် ကလေးခေါက်ပြီး နှစ်သက်စဖွယ် အရုပ်ကလေး များ ကိုယ်တိုင်ဖန်တီးနိုင်သည့် အစီအစဉ်တို့သည်လည်း ကလေးများ အကြိုက်ဖြစ်ပေလိမ့်မည်။
ကလေးများအတွက် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ဖြစ်နိုင်ချေရှိ/မရှိ မိမိ၏သဘောထားအမြင်ကို ပြောဆိုခြင်း နှင့် ပတ်သက်၍ သုံးနှုန်းပြောဆိုသော ''expressing one's opinion on possibility" အကြောင်းနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "my" ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံများ ကောင်းမွန်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။