ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၆) ၌ တိုင်းရင်းသားတို့၏ ညီညွတ်မှုစွမ်းအားကို ပုံဖော်ထားသည့် ပြည်ထောင်စုနေ့ အကြို ဂုဏ်ပြုဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ အထင်နဲ့ အမြင်မလွဲမှား စေရန်အရာရာတိုင်းတွင် သတိထားသင့်ပုံနှင့် လူငယ်နှင့် ဖုန်းပညာပေး နှစ်မျက်နှာဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
ထို့အပြင် ကလေးများအတွက် ဗဟုသုတတိုးပွားစေရန် တပို့တွဲလနဲ့ ထမနဲပွဲတော်အကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ဖော်ပြထားပါသည်။ ပြောသူနှင့် အပြောခံရသူ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး မရှိသော အတင်းအဖျင်းပြောဆိုမှုကို သတိပြုဆင်ခြင်တတ်စေရန် သင်ခန်းစာပေးထားသော ကလေး၀တ္ထု ကိုလည်း စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ လိုက်နာကျင့်ကြံရမည့် ပြည်သူ့နီတိ၊ လောကနီတိနှင့် ကလေးများကိုယ်တိုင်ရေးဆွဲမှ ထွက်ပေါ်လာမည့် ပုံရေးဆွဲသည့် အစီအစဉ်တို့သည်လည်း ကလေးများ အကြိုက် ဖြစ်ပေလိမ့်မည်။
ကလေးများအတွက် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ထင်မြင်ချက်၊ မှတ်ချက်ပေးခြင်းနှင့် ပတ်သက်၍ သုံးနှုန်းပြောဆိုသော ''making comments" အကြောင်းနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "most" ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံ အမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏အင်္ဂလိပ်စာ အခြေခံများ ကောင်းမွန်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။