ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄) ၌ လူအချင်းချင်းကိုယ်ချင်းစာနာတတ်စေရန် ပုံဖော်ထားသည့် မျက်နှာဖုံး ဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းဖြင့် မိမိအကျိုးလည်း အောင်မြင်တတ်သည့် နှစ်မျက်နှာ ဇာတ်လမ်းလေးကိုလည်း ကလေးများကြိုက်နှစ်သက်မည်ဖြစ်ပါသည်။
ကလေးများအတွက် အနုပညာလက်ရာများကို ခံစားမှုအဖြစ်သာ မရှုမြင်ဘဲ ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်ကြောင်းကို သုတဆောင်းပါးကဏ္ဍ တွင် ဖော်ပြထားပါသည်။ မြန်မာမိန်းကလေးများအတွက် ၀တ်စားဆင်ယင်မှုကို ပညာပေးရေးသားထားသော ကလေး၀တ္ထုကိုလည်း စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ကလေးများကိုယ်တိုင် ရေးဆွဲနိုင်သည့် ပုံဆွဲအစီအစဉ်နှင့် ပုံထဲတွင် ရောထွေးနေသော ပစ္စည်းများရှာဖွေရသည့် ကလေးများ အကြိုက်ကဏ္ဍပါ၀င်ပါသည်။
ကလေးများအတွက် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် အခြေအနေတစ်ခုခုနှင့် ပတ်သက်ပြီး မိမိ၏ထင်မြင် ယူဆချက်ကို ပြောဆိုရာ၌ သုံးနှုန်းပြောဆိုသော ''expressing one's opinion about a situation" အကြောင်းနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "mean" ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏အင်္ဂလိပ်စာ အခြေခံများ ကောင်းမွန်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။