ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃) ၌ မောင်ရိုးတို့ ဆရာတပည့် အမဲလိုက်ထွက်ပုံ မျက်နှာဖုံးဟာသဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ကလေးများ အရာရာကို စဉ်းစားချင့်ချိန်၍ လုပ်တတ်စေရန် ပညာပေးထားသော နှစ်မျက်နှာဇာတ်လမ်းကို လည်း တင်ဆက်ထားပါသည်။ ထို့အပြင် ကျောင်းစာသင်ခန်းအတွင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့ တွေ့ကြုံနေကျ အဖြစ်အပျက် ဟာသဇာတ်လမ်းလေး လည်းပါရှိရာ ကလေးများ ပျော်ရွှင်ရယ်မောနိုင်မည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'တစ်' နှင့် 'တ' အသုံးကွဲပုံကို တင်ဆက်ထားပြီး မိမိကိုယ်မိမိ အားကိုး၍ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန် ကြိုးစားသင့်ပုံကို ကလေးပုံပြင်ကဏ္ဍတွင် တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ မိမိတို့၏ သွေးချင်းညီအစ်ကိုမောင်နှမတို့၏ အကြောင်းအရာ များကို လေ့လာသိရှိနိုင်စေရန် ကရင်ပြည်နယ်အကြောင်းကို ထူးထူးခြားခြား တင်ဆက်ထားပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ‘Expressing one’s opinion about a situation’ ခေါင်းစဉ်ဖြင့် ဖြစ်ရပ်တစ်ခု၊ အခြေအနေတစ်ခုနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို ပြောဆိုသုံးနှုန်းပုံနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘May’ ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးတို့ကို တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်၀စေရန် ငါးကလေးများ၏ အမည်များကို အင်္ဂလိပ်အခေါ်အဝေါ်ဖြင့် တွဲဖက်တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
(၂၁-၁-၂၀၁၇) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။