ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၃) ၌ ''မေတ္တာတရားဖြင့် ကူညီခဲ့မှုကြောင့် အကျိုးကျေးဇူးပြန်လည်ရရှိသွားသည့် လူငယ်လေးတစ်ဦးအကြောင်း'' မျက်နှာဖုံးဇာတ်လမ်းကို ကလေးများ အတုယူဖွယ် တင်ဆက်ထားပါသည်။ အတုခိုးမှားသဖြင့် ဒုက္ခရောက်ရသည့် သိုးကလေးတစ်ကောင်အကြောင်း နှစ်မျက်နှာဇာတ်လမ်းလည်း ပါ၀င်ပါသည်။
တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပါက မြန်မာနိုင်ငံတော်ကြီး သာယာ၀ပြောသည့်အကြောင်း ရေးသားထားသည့် စကားဝိုင်းကဏ္ဍကိုလည်း ဖတ်ရှု ရမည်ဖြစ်ပါသည်။ သူတစ်ထူးပြုခဲ့ဖူးသည့် ကျေးဇူးတရားကို မသိဘဲ ကျေးဇူးကန်းလျှင် ဘေးအန္တရာယ်နှင့်တွေ့ကြုံရသည့်အကြောင်းကို ရွှေသွေး၀တ္ထု ကဏ္ဍတွင် ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးများ လိုက်နာကျင့်သုံးအပ် သည့် ပြည်သူ့နီတိနှင့် လောကနီတိတို့ကိုလည်း ထည့်သွင်းထားပါသည်။ ကလေးများကိုယ်တိုင် ရေးဆွဲရသည့် ပုံဆွဲကဏ္ဍလည်း ပါ၀င်ပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ အလုပ်အကိုင်အချို့၏ အမည်အခေါ်အဝေါ်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍ၌ 'accepting a suggestion and agreeing to something suggested' ခေါင်းစဉ်ဖြင့် တစ်စုံတစ်ယောက်ပြောလိုက်သည့် အကြံပြုချက်သည် ကြောင်းကျိုး ညီညွတ်သည့်အတွက် လက်ခံကြောင်း ပြောဆိုပုံ၊ သဘောတူကြောင်း ပြောဆိုပုံနှင့် အခြားအသုံးအနှုန်းများကိုလည်းကောင်း၊ အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'see' ၏ သုံးနှုန်းပုံအမျိုးမျိုးကိုလည်းကောင်း ဖော်ပြထားရာ ကလေး များအကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။