ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၂) ၌ 'ထူးဆန်းသောသရက်သီးကပေးသည့် အသိတရား'မျက်နှာဖုံး ဇာတ်လမ်း၊ ကျောင်းစာသာမက ဗဟုသုတရဖွယ် စာအုပ်များကိုပါ ဖတ်မှတ် ရန်တိုက်တွန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးသုတကဏ္ဍတွင် ကျန်းမာရေးနှင့်ညီညွတ်သော မြန်မာကလေးကစားနည်းများအနက် ထုပ်ဆီးထိုးကစားနည်းအကြောင်းနှင့် သဘာ၀ ပတ်၀န်းကျင် တည်တံ့ရေးအတွက် သတိပြုစရာ စွမ်းအင်ရင်းမြစ်များအကြောင်းကို ဖော်ပြထားပါသည်။ ရိုးသားကြိုးစားသူ ဗန်းကလေး၏ အတုယူထိုက် သော အကျင့်စာရိတ္တကိုလည်း ရွှေသွေး၀တ္ထုကဏ္ဍတွင် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဇွန်လ၏ မှတ်သားဖွယ်ရာနေ့များအကြောင်း တင်ဆက်ထားသည့်အပြင် ဆေးရောင်လှလှ ခြယ်ကြည့်ခြင်းဖြင့်လည်း ကလေးများ ပျော်ရွှင်နိုင်မည်ဖြစ်ပါသည်။
ကလေးတို့အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူ ဆောင်ရွက်ပုံကြိယာအချို့ကို ရုပ်ပုံနှင့်တကွ နမူနာဝါကျများဖြင့် တင်ဆက်ထားပြီး အင်္ဂလိပ် စကားဝိုင်းကဏ္ဍတွင် ''referring to something and other expressions" ခေါင်းစဉ်ဖြင့် အခြေအနေပေါ် မူတည်၍ ပြောဆိုပုံ ကို တင်ဆင်ထားပါသည်။ ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'say' ၏ အသုံးတွင်ပုံများ၊ သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများကို နမူနာဝါကျများနှင့် တကွ ဖော်ပြထားရာ ကလေးများအကြိုက်တွေ့မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။