ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၁) ၌ သူတစ်ပါးအပေါ်တွင် ရန်လို၍ အပြစ်ဖြစ်စေရန် ပြုလုပ်သော်လည်း မိမိသာ ဒုက္ခရောက်ရပုံကို ကလေးများ သတိပြု ဆင်ခြင်နိုင်ရန် မျက်နှာဖုံး ဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ မိမိထက် အားနည်းသူများအပေါ် အနိုင်ကျင့်လိုသော စိတ်ရှိပါက ပြုပြင်နိုင်ရန်နှင့် လူကြီးမိဘတို့၏ ဆုံးမစကားကို နာခံတတ်စေရန် ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် ''ဆရာ့ဂုဏ်မြတ် ပူဇော်အပ်'' ဟူသော ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် တင်ဆက်ထားပြီး ကလေးပုံပြင်ကဏ္ဍတွင် မိမိတို့ အား နေထိုင်စားသောက်နိုင် ရန် ဖန်တီးပေးထားသော ပတ်၀န်းကျင်ကို ထိန်းသိမ်းသင့်သည့်အကြောင်းကို ရေးဖွဲ့တင်ဆက်ထား ပါသည်။ ထို့အပြင် ကလေးများ လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိ၊ လောကနီတိတို့ကိုလည်း ဖော်ပြထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရုပ်ပုံလေးဖြစ်အောင် ဆက်ဆွဲနိုင်မည့် ဘာပုံလေးဖြစ်မလဲကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ရွှေသွေးအင်္ဂလိပ်စကားဝိုင်း၌ 'Useful Expression' ခေါင်းစဉ်ဖြင့် အလုပ် တစ်ခုကို လုပ်ဆောင်ရန် ပြောဆိုရာ၌ လွယ်ကူ သော်လည်း တကယ့်လက်တွေ့လုပ်ဆောင်ရာ၌ ခက်ခဲကြောင်း ပြောဆိုပုံအသုံးအနှုန်းတို့ကို တင်ဆက်ထားပြီး ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Time' ၏ အသုံးပြုပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးများအင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။