• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
(၂၀ - ၇ - ၂၀၁၉) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၂၉) ထွက်ရှိသတင်းနှင့် e-Book

(၂၀ - ၇ - ၂၀၁၉) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၂၉) ထွက်ရှိသတင်းနှင့် e-Book

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၉) ၌ ကလေးများအနေဖြင့် သူတစ်ပါးပြောဆိုသော စကားကို ချင့်ချိန်၍ ယုံကြည်တတ်စေရန်နှင့် မိမိ၏ စီးပွားရေးလုပ်ငန်းများကို စာရင်းငှားများနှင့် လက်လွှဲမထားဘဲ မိမိကိုယ်တိုင် ဦးဆောင်ကာ ဆောင်ရွက်သင့်ပုံအကြောင်းကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏လှပမှုနှင့် တစ်ပါးသူကို လှည့်ဖျားလိုသော စိတ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော မြေခွေးမ အကြောင်းကို ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်း၊ ရှေ့တွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုး၊ ကောင်းကျိုးတို့ကို မစဉ်းစားမဆင်ခြင်ဘဲ လတ်တလော အခြေအနေကိုသာ ကြည့်၍ ဆုတောင်းတတ်သည့် ‘ဆုတောင်းမေ’ နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် အလွန်မေ့တတ်သော ကောင်းလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်း မောင်ရွှေဝင်း ၏ “မေ့ … မေ့ … မေ့” တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါဝင်ပါသည်။

သုတကဏ္ဍတွင် ဝေလငါးများ၏ သဘာ၀အလျောက် ၀ဖြိုးနေပုံအကြောင်းနှင့် ၎င်းတို့၏ အဆီများ အသုံးဝင်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မိဘများအနေဖြင့် သားသမီးများကို လွန်စွာအလိုမလိုက်သင့်ပုံနှင့် သားသမီးများကို သင့်လျော်သော အလုပ်များ ခိုင်းစေသင့်ပုံကို တင်ဆက်ထားပါသည်။ ထို့ပြင် အထူးကဏ္ဍအနေဖြင့် ဗီယမ်နမ်နိုင်ငံရှိ လေ့လာချင်စရာနေရာများ အကြောင်းကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်ကဏ္ဍတွင် စားစရာအချို့၏ အမည်များကို ရုပ်ပုံနှင့်တကွ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ဆက်ထားပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ပြိုင်ပွဲတစ်ပွဲနှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံအချို့ကို ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် တင်ဆက်ထား ပါသည်။ ကလေးများ၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်စေသည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် present perfect passive ကြိယာပုံသဏ္ဍာန်ရေးနည်းကို တင်ဆက်ထားပါရာ စနစ်တကျလေ့လာ မှတ်သားထားပါက ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊   အမှတ် (၅၂၉-၅၃၁)၊   ကုန်သည်လမ်း၊   ရန်ကုန်မြို့၊     ဖုန်း ၀၁-၃၈၁၄၄၈၊     ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။




Download PDF
ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • စာမူများ
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman