ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၅) ၌ ကျောင်းသားလူငယ်များ ငယ်စဉ်အခါ၌ ပညာကို ဂရုတစိုက်သင်ကြားသင့်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “ဘဝတန်ဖိုး” မျက်နှာဖုံးကာတွန်း၊ မိမိ၏ပစ္စည်းဉစ္စာပင်ဖြစ်သော်လည်း သူတစ်ပါးအား ပေးကမ်းသောအခါ၌ စိတ်ကောင်းစေတနာကောင်းဖြင့် ပေးကမ်းသင့်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “တွန့်တိုမှု၏ နောက်ဝယ်” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်ကို အထင်ကြီးသော ရာဇာနှင့် စကားကို ကတ်တီးကတ်ဖဲ့ ပြောဆိုတတ်သော ဖီနိုတို့၏ အပြန်အလှန်ပြောဆိုပုံအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဘာသီးလဲ” တစ်မျက်နှာကာတွန်း၊ မိမိ၏လက်ထဲတွင် ရှိသော အရာဝတ္ထုသည် မည်မျှပင် ပမာဏသေးငယ်သော်လည်း ပမာဏကြီးမားသော အရာများကို တွေ့ရုံမျှြဖင့် မစွန့်ပစ်သင့်ကြောင်းကို ရေးဖွဲ့ထားသည့် “မိပြီးသားအစာ” နှစ်မျက်နှာကာတွန်းနှင့် အဝတ်လှန်းရန် စဉ်းစားရှာဖွေရာမှ မြွေအား ကြိုးတန်းပြုလုပ်ပုံကို စဉ်းစားမိသွားပုံ အဆင့်ဆင့်ကို သရုပ်ဖော်ထားသည့် “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် လူအများ၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်အချို့ကို ကလေးတို့ ဗဟုသုတ ဖြစ်ဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် သူတစ်ပါးပြောဆိုသောစကားကို မိမိ၏ ပညာဉာဏ်ဖြင့် မချင့်ချိန်ဘဲ ယုံစားမိသည့် ကောသလမင်းကြီးအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာ့ရိုးရာအိုးစည်ဝိုင်းတော်သားများ၏ ညီညီညာညာ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ် ပျော်မြူးကြပုံအကြောင်းကို သရုပ်ဖော်များဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် ကဗျာကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် infinitive phrase ၏အသုံးပြုပုံ အမျိုးမျိုးနှင့် ပတ်သက်၍ ပြန်လှန်လေ့ကျင့်ခန်းအချို့ကို ကလေးတို့လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။