ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၃-၂-၂၀၁၉) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၈) ၌ ဆေးလိပ်နှင့် အရက်သည် အခြေခံအကျဆုံးမူးယစ်ဆေးဝါးများ ဖြစ်ကြောင်းကို သရုပ်ဖော် ထားသော ''မောင်ရိုးနှင့် မူးယစ်အန္တရာယ်'' မျက်နှာဖုံး ဇာတ်လမ်း၊ မည်မျှပင်ရင်းနှီးသော သူငယ်ချင်း ဖြစ်စေကာမူ သူငယ်ချင်းအချင်းချင်း စနောက်ချင်သောအခါ အရိပ်အကဲကြည့်ပြီး စနောက်သင့်ကြောင်း သရုပ်ဖော်ထားသော ''နောက်တတ်ရင် သတိထား'' နှစ်မျက်နှာဇာတ်လမ်း၊ သဘာ၀ကျကျ ပန်းချီရေးဆွဲ တတ်စေရန် သင်ခန်းစာပေးထားသော ''ပန်းချီဆရာနဲ့ နွားကျောင်းသား'' နှစ်မျက်နှာဇာတ်လမ်းနှင့် ''ကျောက်ခေတ်ကမ္ဘာ'' တစ်မျက်နှာဟာသဇာတ်လမ်း တို့ကို တင်ဆက်ထားပါသည်။
ဆောင်းပါးကဏ္ဍတွင် ရွှေစာရံဘုရားပွဲတော်က ထန်းရွက်ပုတီးနှင့် ထန်းရွက်ငါးလေးများကို ဘုရားဖူးပြန်လက်ဆောင်အဖြစ် ၀ယ်လာပုံအကြောင်းကို တင်ဆက်ထားပါသည်။ ၀တ္ထုကဏ္ဍတွင် ကလေးတို့သည် နွေရာသီကျောင်းပိတ်ရက်၌ မိမိတို့ပြုလုပ်ရန် ရည်မှန်းထားသောဆောင်ရွက် စရာများကို အချင်းချင်းတိုင်ပင်နေကြပုံအကြောင်း ရေးသားထားသော ''နွေဦးအလှ'' ၀တ္ထုကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးတို့ကိုယ်တိုင် ပါ၀င် ဆောင်ရွက်ရမည့် ရှာဖွေလေလေ တွေ့ရှိလေလေ ကဏ္ဍနှင့် ပျံသန်းနေသောငှက်ပုံ စက္ကူခေါက်ကဏ္ဍတို့လည်း ပါဝင်ပါသည်။
ရွှေသွေးဝေါဟာရကဏ္ဍတွင်မူ ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက် စေမည့် ကလေးတို့အတွက် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် "Conversation Questions and Answers" ခေါင်းစဉ်ဖြင့် အကြိုက်နှစ်သက်ဆုံးသော ဂီတအမျိုးအစားအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် "Modal Verb" အကြောင်းနှင့် ပတ်သက်သော အခန်းဆက် သင်ခန်းစာများကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။