ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၅၀) ၌ ငါးပါးသီလဆောက်တည်မှုကြောင့် အကျိုးထူးများကို ရရှိခံစားခဲ့ရသည့် မုဆိုးတစ်ဉီး အကြောင်းကို ရေးဖွဲ့ထားသည့် “မုဆိုးကြီးရဲ့သီလ” မျက်နှာဖုံးဇာတ်လမ်း၊ သဘာ၀တရားက မိမိနှင့် လိုက်လေျာညီထေွဖြစ်စေရန် ဖန်တီးပေးထားသည်များကို ကေျနပ်လက်ခံနိုင်စေရန် တင်ဆက်ထားသည့် “အဓိက”နှစ်မျက်နှာကာတွန်း၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကေျးဇူးများအကြောင်းကို ရေးသားထားသည့် “ဘေဘီဗွတ်ကလုံ” တစ်မျက်နှာကာတွန်း၊ ကေျာင်းသားများသည် စာမေးပွဲကို တစ်နှစ်တစ်တန်းအောင်မြင်အောင် ကြိုးစားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “ရေွပိုး-မနှစ်က” နှစ်မျက်နှာကာတွန်းနှင့် မျက်လုံးအားနည်းမှုကို ကာကွယ်နိုင်မည့် နည်းလမ်းအချို့ကို လိုက်နာနိုင်ရန် ဗဟုသုတဖြစ်ဖွယ် သရုပ်ဖော်ရေးသားထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးများအနေဖြင့် ဆင်နှာမောင်း၏ အသုံး၀င်ပုံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် လူကြီးမိဘများ၏ သွန်သင်ဆုံးမမှုများကို အလေးအနက်လိုက်နာ မှတ်သားပါက မိမိတို့၏ ကေျာင်းသင်ခန်းစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပုံ အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ စူးစမ်းလေ့လာနိုင်မှုစွမ်းရည်ကို တိုးမြင့်လာစေနိုင်မည့် “ရွှေသွေးတို့ပျော်စရာ” ဉာဏ်စမ်းကဏ္ဍနှင့် ဆောင်းအလှသဘာ၀ကို ဝေဝေဆာဆာသရုပ်ဖော်ပုံများဖြင့် တင်ဆက်ထားသည့် “ဆောင်းအလှ” ကဗျာတို့ကိုပါ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖက်ရှင်နှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။