ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄၆) ၌ တိတ်တဆိတ်ဝင်လာသော ရန်သူကို ညီညီညွတ်ညွတ်ဖြင့် ဖော်ထုတ်ရှင်းလင်း နိုင်ပုံအကြောင်းကို သရုပ်ဖော်ထားသည့် “တိတ်တဆိတ်ရန်သူ” မျက်နှာဖုံးဇာတ်လမ်း၊ သူများပြောတိုင်း မယုံရန် ပညာပေးခြင်း ခံလိုက်ရသော စိန်မျောက်မျောက်အကြောင်းကို သရုပ်ဖော်ထားသည့် “စိန်မျောက်မျောက်-ပြောတိုင်းယုံလို့” နှစ်မျက်နှာကာတွန်း၊ ဉီးလေးနယ်ပြောင်း၍ စိတ်မညစ်ရန် အကြံပေးပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ခါးပိုက်နှိုက်တို့ကို အမိဖမ်းပေးနိုင်ခဲ့သော ပုပုတို့သူငယ်ချင်းတစ်စုကို မုန့်ဖိုးလက်ခံရန် ကမ်းလှမ်းခံရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် နေပါစေဦးရယ်” နှစ်မျက်နှာကာတွန်းနှင့် စူပါမင်း ဇာတ်ကောင်ဖြင့် သရုပ်ဖော်ထားသည့် “ဘယ်ကျော်” တစ်မျက်နှာဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကဗျာကဏ္ဍတွင် တန်ဆောင်တိုင်ပွဲတော်နှင့် အမျိုးသားနေ့အကြောင်း စပ်ဆိုထားသော ကဗျာများပါဝင်ပါသည်။ သုတကဏ္ဍတွင် ခေတ်အဆက်ဆက်က ရုပ်မြင်သံကြားအသုံးပြုခဲ့ပုံအကြောင်းကို ကလေးတို့ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍ အနေဖြင့် ခွေးလေးဘိုဖြူ၏ သခင်ကောင်းနှင့် တွေ့ဆုံခွင့်ရပုံအကြောင်းကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် လောလောဆယ် ရေတိုရည်မှန်းချက်အကြောင်းနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို (Goal Ambition) ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။