ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၄၃) ၌ လက်သန့်ရှင်းရေးကို ဂရုတစိုက် လိုက်နာဆောင်ရွက်ပါက ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးပုံအကြောင်းကို သရုပ်ဖော်ထားသော “မောင်တီထွင်-လက်ဆေးပါ” မျက်နှာဖုံးကာတွန်း၊ အလှမက်ပါက ဒုက္ခရောက်တတ်ပုံ အကြောင်းကို သရုပ်ဖော်ထားသော “အလှမက်လို့” နှစ်မျက်နှာကာတွန်း၊ “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာဟာသဇာတ်လမ်း၊ မှုခင်းကျဆင်းရေးအတွက် လူတိုင်းတွင် တာဝန်ရှိပုံ အကြောင်းကို သရုပ်ဖော်ထားသော “ပုပုပါဝင်သည့် အေးပါ….” နှစ်မျက်နှာကာတွန်းနှင့် “ကျောင်းမှန်မှန်တက် စာမခက်” တစ်မျက်နှာကာတွန်း ဇာတ်လမ်းကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ရှေးဟောင်းအီဂျစ်ပြည်အကြောင်းကို ကလေးတို့ဗဟုသုတတိုးပွားစေရန် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် လေပေါဉီးဇီးကွက်ကြီး၏ နေရာတကာတွင် ဆရာကြီး လုပ်ချင်မှုကြောင့် မိမိ၏ဝမ်းစာရဖို့ရန် အခက်တွေ့ရပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ရွှေသွေးတို့ပျော်စရာကဏ္ဍတွင် နှံကောင်သုံးကောင်အနက်မှ နောက်ခြေထောက်၌ အနက်စင်းအများဆုံး နှံကောင်ကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်ရန် တင်ဆက်ထားပါသည်။ ထို့ပြင် ခေတ်အဆက်ဆက် တိုးတက်လာသော အချက်ပြဆက်သွယ်ရေးနည်းလမ်းများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကွန်ပျူတာအသုံးပြုပုံ နှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။