ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၈) ၌ မျောက်ဖိုးစိန်ပါဝင်သော “လေထဲက ရောဂါနဲ့ မျောက်ဖိုးစိန်” မျက်နှာဖုံးဇာတ်လမ်း၊ မဟုတ်မမှန်သောစကားကို မပြောဆိုသင့်ပုံ အကြောင်းကို သရုပ်ဖော်ထားသော “တစ်ခါတုန်းက တို့ရွာမှာ” နှစ်မျက်နှာဇာတ်လမ်း၊ ကိုပေါ၏ မြို့ပေါ်တွင် စေျးဝယ်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသော “ကိုပေါနဲ့ လက်ဆွဲအိတ်” နှစ်မျက်နှာဇာတ်လမ်းနှင့် “ကိုကိုညီညီ” တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာ့အစားအစာတစ်မျိုးဖြစ်သော ပုန်းရည်ကြီးအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ကြယ်စင်ချို၏ မိမိလူကြီးတစ်ဦးဖြစ်လာသောအခါ ကောင်းမွန် သော လမ်းဖောက်သူ၊ လမ်းပြသူတစ်ဦးဖြစ်လာရန် ဆန္ဒ္ဒပြုမိပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မည့် “ရှာဖွေလေလေ တွေ့ရှိလေလေ” ကဏ္ဍနှင့် သစ်ကုလားအုတ်ပုံကို ဆက်ဆွဲနိုင်မည့် “ကာတွန်းပုံ အဆင့်ဆင့် ဆွဲကြမယ်” ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးအကြောင်းကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့အတွက် ရွှေသွေးအင်္ဂလိပ်စာ စကားဝိုင်းကဏ္ဍတွင် အများနှစ်သက် လက်ခံကျင့်သုံးနေသော သယ်ယူပို့ဆောင်ရေးနည်းလမ်းနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံ အချို့ကို ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် လေ့လာနိုင် မည်ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာ(helping verb) နှင့် တွဲရေးသော ဝါကျများနှင့် ပတ်သက်၍ လေ့ကျင့်ခန်းသစ်အချို့ကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။