ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၅) ၌ အထူးကဏ္ဍအနေဖြင့် GIZ/ MYSAP နှင့် ရွှေသွေး ဂျာနယ်တို့ ပူးပေါင်းတင်ဆက်ထားသည့် ‘ငါးစားခရီးဆက် ဘဝတစ်သက်’ ခေါင်းစဉ်ဖြင့် ငါးစား ခြင်းဖြင့် ရရှိလာမည့်အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများအကြောင်းကို ခြောက်မျက်နှာ ဇာတ်လမ်းအဖြစ် တင်ဆက်ထားပါသည်။ ထို့ပြင် ဓာတုဗေဒပစ္စည်းများ မပါဝင်သော မြန်မာ မုန့်များကို ရေးဖွဲ့တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကာတွန်းမောင်ရွှေဝင်း၏ ‘ကိုကို ညီညီ’ တစ်မျက်နှာဇာတ်လမ်းတို့ ပါဝင်ပါသည်။
ယခုတစ်ပတ်တွင် ‘အင်းလေးရေကန်ကြီး’ ကဗျာကို စန္ဒရားတီးခတ်နိုင်ရန် သံစဉ်လေး များဖြင့် ဖော်ပြထားပြီး ပုံပြင်ကဏ္ဍတွင် အရွယ်သေးငယ်သော်လည်း ဉာဏ်ထက်မြက်သည့် ပညာရှိပုရွက်ဆိတ်နှင့် သူတစ်ပါးအပေါ်ကို အထင်အမြင်သေးတတ်သည့် ဆင်ကြီးအကြောင်းကို ရေးဖွဲ့တင်ဆက်ထားပါသည်။ ကလေးတို့အနေဖြင့် ရုပ်ပုံနှစ်ရုပ်ထဲတွင် မတူညီသောအချက်လေး များကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် ‘ရှာဖွေလေလေ တွေ့ရှိလေလေ’ ကဏ္ဍနှင့် စက္ကူလေး များကို အသုံးပြုပြီး ကုလားထိုင်ပုံလေး ပြုလုပ်ပုံအဆင့်ဆင့်တို့ကိုလည်း တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ ကိရိယာအချို့၏ အမည် များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် တင်ဆက်ထားရာ ဂရုတစိုက်မှတ်သားထားမည်ဆိုပါက ကလေးများ ဝေါဟာရကြွယ်ဝလာမည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် မင်္ဂလာဆောင်နှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံကို တိုးတက်ကောင်းမွန် စေမည့် ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to have အငြင်းဝါကျပြောင်းနည်းနှင့် verb to do (active verb) ၏ present နှင့် past မေးခွန်းပြောင်းနည်းတို့ကို တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။