ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၃) ၌ အပေါင်းအသင်းမှားပေါင်းမိသော မိကေျာင်းအိုကြီး အကြောင်းကို ရေးဖွဲ့ထားသော မျက်နှာဖုံးဇာတ်လမ်း၊ လောဘကြီးသော ကျီးမအကြောင်းကို ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်း၊ မောက်မာကြမ်းတမ်းလွန်းသော မင်းသားလေး၏ နောင်တရရှိသွားပုံအကြောင်းကို ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်းနှင့် ဂျူဒိုကစားပုံ တစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ယခုအပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘မြင်းလှည်းသမား ပုဂံသား’ ကဗျာကို စန္ဒရားနှင့် တီးခတ်နိုင်ရန် သံစဉ်လေးများဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကို ကူညီပါက မိမိတွင်လည်း ကောင်းကျိုးများရရှိနိုင်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် ဘရူနိုင်းနိုင်ငံအကြောင်းနှင့် လေ့လာဖွယ်ရာနေရာများ အကြောင်းကိုလည်း တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ ကိရိယာအချို့၏ အမည် များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် တင်ဆက်ထားရာ ဂရုတစိုက်မှတ်သားထားမည်ဆိုပါက ကလေးများ ဝေါဟာရကြွယ်ဝလာမည် ဖြစ်ပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ကြော်ငြာနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံအချို့ကို ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ ကလေးများ၏ အင်္ဂလိပ်စာအခြေခံကို အထောက်အကူပြု မည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘Questions and Negatives’ ခေါင်းစဉ်ဖြင့် Verb to be ပါဝင်သောဝါကျများကို အငြင်းဝါကျ ပြောင်းနည်းနှင့် Verb to have ပါဝင်သော ဝါကျများကို ‘လား’ မေးခွန်းပြောင်းနည်းများကို တင်ဆက်ထားရာ ဂရုတစိုက်လေ့လာမှတ်သားထားမည်ဆိုပါ က ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။