ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ¬¬ဇူလိုင်လ ၂၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၀) ၌ မောင်ယုယ၏ မိမိတွင် ငွေဖြင့်ဝယ်၍ မရနိုင်သော အဖိုးတန်အရာများ ပိုင်ဆိုင်ထားပြီး ၎င်းကို တန်ဖိုးရှိရှိ အသုံးချသင့်ကြောင်း နားလည်သဘော ပေါက်သွားပုံကို သရုပ်ဖော်ထားသော “တန်ဖိုး” မျက်နှာဖုံးဇာတ်လမ်း၊ သူငယ်ချင်းများအပေါ်တွင် ယုံတမ်းစကား ပြောပြီး အနိုင်ယူ တတ်သော ကိုလာအကြောင်းကို သရုပ်ဖော်ထားသော “မဟုတ်က ဟုတ်က ကိုလာ” နှစ်မျက်နှာဟာသဇာတ်လမ်း၊ ကလေးတို့လိုက်နာကျင့်သုံးအပ်သော ကိုယ်ကျင့် တရားအကြောင်းကို သရုပ်ဖော်ထားသော “ဖိုးလပြည့်” နှစ်မျက်နှာဇာတ်လမ်းနှင့် ကာတွန်း စိုးတင့်၏ “ဖိုးသား ဆယ်ဖီ” တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ချောကလက်ပြုလုပ်ပုံအဆင့်ဆင့်နှင့် အသုံးဝင်ပုံအကြောင်းကို ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ငါးတန်းကျောင်းသား အောင်မြတ်၏ စာဖတ်ခြင်းအကျိုး ကျေးဇူးများအကြောင်းကို သိရှိသွားပုံကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်မည့် “ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်” ကဏ္ဍနှင့် “ဘယ်သူမျက်စိပိုလျင် သလဲ” ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးအင်္ဂလိပ်စာ ဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးအကြောင်းကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာ စကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် မိမိကြိုက်နှစ်သက်သော ဥယျာဉ်နှင့်် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အရေးပါပြီး အခြခံကျသည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် passive voice နှင့်ပတ်သက်၍ ပြန်လှန်လေ့ကျင့််ခန်းသစ်များကို ကလေးတို့အနေနှင့် လေ့လာ¬မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။