ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၄) ၌ မကောင်းသော အပြုအမူကို အတုယူခြင်းသည် မိမိကို ဒုက္ခရောက်စေနိုင်သည့်အကြောင်းကို သရုပ်ဖော်ထားသော ‘အတုမှား’ မျက်နှာဖုံးဇာတ်လမ်း၊ ဇီးကွက်ငှက်တို့၏ ညဘက်အချိန်မှ အစာရှာထွက် ကြရပုံအကြောင်းကို သရုပ်ဖော် ထားသော ‘ဆူးကလေး၏ အဘိုးပြောတဲ့ပုံပြင်’ နှစ်မျက်နှာဇာတ်လမ်း၊ စာတော်သော ပုပုသည် သူငယ်ချင်းများအပေါ်တွင် အကူအညီ ပေးတတ်ပုံ အကြောင်းကို သရုပ်ဖော်ထားသော ပုပုပါဝင်သည့် ‘ကျွန်တော်နှင့် ကြီးစိန်’ နှစ်မျက်နှာဇာတ်လမ်းနှင့် စာညံ့၍ သူငယ်ချင်းများ၏ ဝိုင်းပယ်ခြင်းကိုခံရသော ရန်ပိုင်စိုး၏ အမြင်မှန်ရရှိသွားပုံအကြောင်းကို သရုပ်ဖော်ထားသော တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါ သည်။
သုတကဏ္ဍတွင် ကမ္ဘာ့အကြီးဆုံးသတ္တဝါများအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍအနေဖြင့် ကျေးဇူးရှင်ကိုပြစ်မှားမိရာက အသက်ဘေးနှင့်တွေ့ရသော မင်းသားအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ အကြောင်းကိုလည်း ကလေးတို့ အနေဖြင့် စိတ်ဝင်စားဖွယ်လေ့လာနိုင်မည်ဖြစ်ပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ် စကားပြောစွမ်းရည်တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် ယာဉ်သွားယာဉ်လာပိတ်ဆို့မှုအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာအကြောင်းနှင့်ပတ်သက်၍ ပြန်လှန် လေ့ကျင့်ခန်းသစ်များကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။