ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန် ၁ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၁၊ အမှတ် (၂၂) ၌ ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန်နေရသော ပုပုသည် ကျောင်းသင်ခန်းစာများတွင် ထူးချွန်ဆုရရှိရုံ သာမက စံပြကျောင်းသားဆုကိုပါ ရရှိပုံအကြောင်းကို အတုယူဖွယ်သရုပ်ဖော်ထားသော ‘ပုပုပါဝင်သည့် စံပြကျောင်းသား’ မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါးအပေါ်တွင် အနိုင်ကျင့်ခြင်း မပြုတော့ဘဲ ကိုယ်ချင်းစာစိတ် မွေးရန် သဘောပေါက်သွားပုံအကြောင်းကို သရုပ်ဖော်ထားသည့် ‘ကိုယ်ချင်းစာပါ’ နှစ်မျက်နှာဇာတ်လမ်းနှင့် စိန်မျောက်မျောက်၏ ‘မှ … တစ်ပါး …’ နှစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ကလေးတို့အနေဖြင့် မမျှော်လင့်ဘဲ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ရှားနိုင်စေရန် သတိပြုလိုက်နာ ဆောင်ရွက် အပ်သည့်အကြောင်းများကို ရေးသားတင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဆရာမောင်သန်း၏ မိဘမဲ့ကလေးများအပေါ် စောင့်ရှောက်မှု ပေးရုံသာမက ကလေး တိုင်းအတွက် လိုအပ်သော အာဟာရဓာတ်ပြည့်ဝစေရန် ဆောင်ရွက်နေခြင်းအကြောင်းကို ရေးဖွဲ့ထားပါ သည်။ ထို့ပြင် မြန်မာနှင့်ကမ္ဘာတွင် ဇွန်လအတွင်း ကျရောက်သည့် ထူးခြားထင်ရှားနေ့ရက်များ အကြောင်းနှင့် ဆေးရောင်လှလှခြယ်ရအောင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးအကြောင်းကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် မိမိကြိုက်နှစ်သက်သော ဉပဒေနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာတစ်လုံးဖြစ်သော would ၏ အသုံးအနှုန်းနှင့် ပတ်သက်၍ အခန်းဆက် လေ့ကျင့်ခန်းအသစ်တွေကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။