ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၁၂-၁-၂၀၁၉) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၂) ၌ မင်းသမီးလေး သမ္ဘူလ၏သစ္စာစကားကြောင့် သောတ္ထိသေနမင်းသား၏ နူနာရောဂါများ ပျောက်ကင်းသွားပုံကို တင်ဆက်ထားသော ''သစ္စာသည်သာ ကိုးကွယ်ရာ'' မျက်နှာဖုံးဇာတ်လမ်း၊ အပြောကောင်းသော မြေခွေးနှင့် အမြှောက်ကြိုက်သော ခြငေ်္သ့ကြီးတို့အကြောင်း သရုပ်ဖော် ထားသော ''မြေခွေးနှင့် ခြင်္သေ့'' နှစ်မျက်နှာဇာတ်လမ်း၊ ကိစ္စတစ်ခုကို သေသေချာချာ မသိဘဲ ပါ၀င် ဆောင်ရွက်မိရာမှ မောရုံသာဖြစ်ရပုံကို သရုပ်ဖော်ထားသော ''ရွှေချည်ဇာ နှင့် ရွှေ'' နှစ်မျက်နှာဇာတ်လမ်း၊ အချောင်လိုချင်သော စရိုက်ကြောင့် အဆူခံလိုက်ရသော ချိုတူးအကြောင်း သရုပ်ဖော်ထားသည့် ''အချောင်သမား'' တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော တံခွန်တိုင်အမျိုးမျိုး အကြောင်းကို ကလေးတို့ ဗဟုသုတအနေဖြင့် ဖတ်ရှု ရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် လက်ဖက်သုပ် ကောင်းကောင်းသုပ်တတ်အောင် သင်ပြပေးသော အတန်းပိုင်ဆရာမအပေါ် ပဉ္စမတန်း ကျောင်းသူလေးက ကျေးဇူးတင်မိပုံကို ရသမြောက်စွာ ခံစားဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့အပြင် ကလေးတို့ ကိုယ်တိုင် ပါ၀င်ပုံဆွဲနိုင်မည့် dot to dot ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။
ရွှေသွေးအင်္ဂလိပ်စာဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် "Conversation Questions and Answers"ခေါင်းစဉ်ဖြင့် ပါတီပွဲနှင့် ပတ်သက်ပြီး အပြန်အလှန်ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "Past perfect tense" အသုံးအနှုန်းနှင့် ပတ်သက်ပြီး အခန်းဆက်လေ့ကျင့်ခန်းအသစ်များကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။