ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၁၅) ၌ သင်္ကြန်ရေကစားခြင်း၏ ရောဂါဘယကင်းရှင်းပုံနှင့် ပျော်ရွှင်ဖွယ်ကောင်းပုံကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ သင်္ကြန်အခါ၌ စတုဒိသာအလှူပြုလုပ်ကြရင်း တစ်ဦးနှင့် တစ်ဦး ပျော်ရွှင်ဖွယ်ကျီစယ်ကြပုံကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ “စည်းချက်မမှန်ဂီတသံ” နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် “ဘုန်းဉာဏ်သာ၏ သိတာပေါ့” တစ်မျက်နှာဇာတ်လမ်းတို့ ပါဝင်ပါသည်။
သုတကဏ္ဍနှင့် ၀တ္ထုကဏ္ဍတို့တွင် သင်္ကြန်အခါ၌ ရေကစားကြပုံ၊ စတုဒိသာကျွေးမွေးကြ ပုံတို့ကို တင်ဆက်ထားပါသည်။ ကလေးများလိုက်နာ ကျင့်သုံးအပ်သည့် ပြည်သူ့နီတိ၊ လောကနီတိ အကြောင်းကိုလည်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ပျော်ပျော်ရွှင်ရွှင်ဖြင့် အရုပ်ကလေး များကို အရောင်ခြယ်သနိုင်မည့် “ဆေးရောင်လှလှခြယ်ရအောင်” ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြ ထားပါသည်။
ကလေးများအင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် ရွှေသွေးဝေါဟာရကမ္ဘာကဏ္ဍ၌ အရာ၀တ္ထုအချို့၏ အမည်များကို မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ဆက်ထားပါသည်။ ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် အစားအသောက်တို့ကို ချက်ပြုတ်စားသောက်ပုံနှင့် ပတ်သက်၍ ပြောဆိုကြရာတွင် သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ အင်္ဂလိပ်စာလေ့လာရာ၌ အခြေခံလိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘Modal Verb’ (အကူကြိယာ) ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။