ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ခုနှစ်၊ မတ်လ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၁၃) ၌ မောင်ရိုးနှင့် သဘာ၀လွန်စွမ်းအား လေးမျက်နှာဇာတ်လမ်း၊ မိမိဂုဏ်ကို ဖော်ပြကာ ကြွားဝါတတ်ပါက ဒုက္ခတွေ့ရပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာ ဇာတ်လမ်း၊ မိခင်စကားကို နားထောင်သော ပုပုပါ၀င်သည့် ပိုရင်ပြန်ပေးမယ် နှစ်မျက်နှာဇာတ်လမ်းနှင့် အာတူးနှင့် ဘွားဘွားကြီး တစ်မျက်နှာဟာသဇာတ်လမ်း တို့ ပါ၀င်ပါသည်။
ယခုအပတ်တွင် အထူးကဏ္ဍအနေဖြင့် 'ရွှေမျက်မှန်ဘုရား' ကဗျာကို သံစဉ်လေးများဖြင့် ဖော်ပြပေးထားပြီး ပုံပြင်ကဏ္ဍတွင် အရာရာတိုင်းကို စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ် လုပ်ဆောင်သင့်ပုံကို ဖော်ညွှန်းရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးများ မျက်စိလျင်လျင်ဖြင့် ပုံနှစ်ပုံထဲတွင်ရှိသော မတူညီသည့် အချက်ကလေး များကို ရှာဖွေနိုင်မည့် 'ရှာဖွေလေလေ တွေ့ရှိလေလေကဏ္ဍ'နှင့် စက္ကူလေးများကို အသုံးပြုကာ စပိန်သေတ္တာပုံလေးရရှိရန် ခေါက်ပုံအဆင့်ဆင့်ကို တင်ဆက်ထားပါ သည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးပွားစေရန် ရည်ရွယ်၍ ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာ ကဏ္ဍတွင် စာအုပ်အမျိုးအစားအချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြ ပေးထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ် ဖြင့် မိမိနှစ်သက်သည့် အားကစားနှင့် ပတ်သက်၍ လေ့ကျင့်ပုံ၊ ကစားပုံနှင့် အကျိုးရရှိပုံတို့ကို ပြောဆိုကြသည့်အခါတွင် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ အင်္ဂလိပ်စာ လေ့လာရာ၌ အခြေခံလိုအပ်ချက် ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Modal Verb' (အကူကြိယာ) ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။