ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၁၁) ၌ ကလေးများ သတိဝီရိယဖြင့် နေထိုင်သင့်ပုံကို တင်ဆက်ထားသည့် လေးမျက်နှာဇာတ်လမ်း၊ အတိတ်နိမိတ်ကို ယုံကြည်လွန်းသည့် ရွှေရိုးနှစ်မျက်နှာဇာတ်လမ်း၊ အစွမ်းထက်သည့် ကန်စွန်းရွက်အကြာင်း ရေးဖွဲ့ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကျန်းမာရေး လိုက်စားသူ တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'ပြည်သူ့နီတိ ဆက်လက်လေ့လာမည်' ခေါင်းစဉ်ဖြင့် ဘကြီးဉာဏ်တို့ ဆရာတပည့်တစ်စု ဝိုင်းဖွဲ့ဆွေးနွေးပုံဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် ကလေးများအနေဖြင့် သူတစ်ပါး ပြောဆိုသော စကားများအပေါ်တွင် ချင့်ချိန်ယုံကြည်သင့်ပုံကို ရသမြောက်စွာ တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများအတွက် ကမ္ဘောဒီးယားနိုင်ငံရှိ လည်ပတ်ချင်စရာ နေရာများအကြောင်းကိုလည်း ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် ဖိနပ်အချို့၏ အမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အိမ်မွေးတိရစ္ဆာန်များအကြောင်းနှင့် ပတ်သက်၍ မေးမြန်းပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ အခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Modal Verb' (အကူကြိယာ) ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများ ကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။