ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၁၀) ၌ လူတို့သည် တိရစ္ဆာန်တို့ထက် ဉာဏ်ပညာပို၍သာကြောင်း သရုပ်ဖော်ထားသော ''မိုးကြီးလေကြီး'' မျက်နှာဖုံး ဇာတ်လမ်း၊ ဦးထုပ်ကို မ၀ယ်ချင်ဘဲ ၀ယ်ခဲ့ရသော သားဇော်အဖေ၏အဖြစ်ကို သရုပ်ဖော်ထားသည့် ''ဖိုးဇော်'' နှစ်မျက်နှာဇာတ်လမ်း၊ မကောင်းသော အလေ့အထများကို မလုပ်မိစေရန် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းသည် စည်းကမ်းဖြင့် နေထိုင်ခြင်းဖြစ်ကြောင်း သရုပ်ဖော်ထားသော ''ဖွေးဥ စည်းကမ်း'' နှစ်မျက်နှာ ဇာတ်လမ်းနှင့် ''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဆိုသည့် စကားကို လက်ခံသွားသော ''ဖိုးကဲ'' တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာအမျိုးသားတို့၏ ဆင်ယင်ထုံးဖွဲ့မှုတစ်ရပ်ဖြစ်သော ခေါင်းပေါင်းအမျိုးအစား များအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍအနေဖြင့် မယဉ်ယဉ်နှင့် မောင်မျိုးဦးတို့ မောင်နှမ နှစ်ယောက်၏ မြင်ဆရာကျေးဇူးသိတတ်ပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့နောက် လိုက်နာမှတ်သားရမည့် နီတိများကို ဖတ်ရှုနိုင်မည့်အပြင် ကလေးတို့ကိုယ်တိုင် ပါ၀င်ရေးဆွဲနိုင်မည့် ''ဘာပုံလေးဖြစ်မလဲ'' ကဏ္ဍလည်း ပါ၀င်သည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အားလပ်ရက်ခရီးထွက်ခြင်းအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာ "have to" အကြောင်းနှင့် ပတ်သက်သော အခန်းဆက်သင်ခန်းစာများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။