ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၀)၊ အမှတ် (၇) ၌ သူတစ်ပါးကို မကောင်းကြံပါက မိမိတွင်သာ ဘေးဒဏ် ထိတတ်ပုံကို လေးမျက်နှာဇာတ်လမ်းဖြင့် သရုပ်ဖော် တင်ဆက်ထားပါ သည်။ကလေးများအနေဖြင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ဂရုတစိုက်လုပ်ကိုင်သင့်ပုံ နှစ်မျက်နှာဇာတ်လမ်းနှင့် ကိုကွေးနှင့် မကောက်တို့၏ သတိပေးတာပါ နှစ်မျက်နှာဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ထို့ပြင် ဘယ်ကျော်၏ သူငယ်ချင်းအပေါ် ဟာသပြုလုပ်ပုံ တစ်မျက်နှာဟာသဇာတ်လမ်း နှင့် ပူးပုံ၏ ဘောလုံးသမားတိုင်း သန့်သန့်ရှင်းရှင်းမရှိဘူး မျက်နှာ၀က်ဟာသဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် ''ပစ္စည်း'' ခေါင်းစဉ်ဖြင့် ''၈''တန်း မြန်မာသဒ္ဒါအကြောင်းကို ဝိုင်းဖွဲ့ ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် သူတစ်ပါးအသက်ကို မိမိ၏အသက်ခန္ဓာနှင့် စာနာသင့်ပုံတို့ ကို သိရှိမှတ်သားဖွယ် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် ကယားပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့အကြောင်းကို ဖော်ပြပေးထားပါသည်။
ဖတ်မှတ်လေ့လော၀ါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့ကို ရုပ်ပုံနှင့်တကွ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'Would' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျ တည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့ ၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။