ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ယခုလာမည့် (၁၀-၂-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀) အမှတ် (၆) တွင် မည်သည့်ကိစ္စမဆို စုပေါင်းညီညာစွာ လုပ်ဆောင်ပါက အောင်မြင်မှု ရရှိနိုင်ပုံ ကို သင်ခန်းစာပေးထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ ကလေးများ အပေါင်းအသင်းများကို ပေါင်းဖော်ရာ၌ မိတ်ကောင်းဆွေကောင်းများနှင့်သာ ပေါင်းဖော်သင့်ပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာကာတွန်း ဇာတ်လမ်း နှင့် ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူတို့ကို လူ၊ နတ်အားလုံး ချစ်ခင်ပုံ နှစ်မျက်နှာကာတွန်း ဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ကလေးများ ကျောင်းသင်ခန်းစာကို အကြိမ်ကြိမ်အခါခါလေ့လာကျက်မှတ်သင့်ပုံ တစ်မျက်နှာဇာတ်လမ်းတို့ကိုလည်း တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လူ၏ ခန္ဓာကိုယ်ထဲရှိ နှလုံးအကြောင်းကို ဗဟုသုတရဖွယ် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ရသကဏ္ဍတွင် စာပေကို သင်ယူရာ၌ အသက်အရွယ် ကြီးငယ်မဟူ ကြိုးကြိုးစားစား လေ့လာ သင်ယူပါက တတ်မြောက်မည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ကလေး၀တ္ထုဖြင့် အသိပညာ ပေးထားပါသည်။ ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် ကလေးများအကြိုက် အမှတ်ကလေး များ ဆက်ဆွဲရသည့်ပုံဆွဲကဏ္ဍနှင့်အတူ ကလေးများ လိမ္မာယဉ်ကျေး စေရန် ပြည်သူ့နီတိ၊ လောကနီတိတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကလေးတို့၏အင်္ဂလိပ်ဝေါဟာရ ပိုမိုကြွယ်၀စေရန် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါ သည်။ အင်္ဂလိပ်စကားစွမ်းရည် တိုးတက်စေရန် ရည်ရွယ်တင်ဆက်သည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် စိတ်၀င်စားဖွယ်ရာ စကားပြောခန်းများကို Useful Sentence Structures ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာနှင့် စကားကိုပိုမိုသိမြင်သဘောပေါက်စေသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် Work ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံများကို ပြည့်ပြည့်စုံစုံဖော်ပြထားပြီး နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် လေ့လာနိုင်မည်ဖြစ်ရာ ကလေးတို့၏အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။