ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၉-၁၂-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၅၂)၌ ''မောင်ရိုးတို့ ညီညွတ်သွားတော့'' ခေါင်းစဉ်ဖြင့် တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင်နှင့် စည်းစည်းလုံးလုံး ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြောင်း သရုပ်ဖော်ထားသော မျက်နှာဖုံးဇာတ်လမ်း၊ ကြောင်သည် အစာကို ရချင်ဇောဖြင့် မိမိဘေးတွေ့မည်ကို သတိမမူဘဲ ဒုက္ခရောက်ရပုံကို သရုပ်ဖော်ထားသော ''ကြောင်နဲ့ ြွကက်'' နှစ်မျက်နှာဇာတ်လမ်း၊ ''ပေါက်ကျော်ပါ၀င်သော ဟုတ်မလိုလိုနဲ့'' နှစ်မျက်နှာ ဟာသ ဇာတ်လမ်းနှင့် တွဲဖက်မစားအပ်သော အစားအစာများ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သရုပ်ဖော်ထားသော ''ရိုးရိုးလေး'' တစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ပါသည်။ သုတဆောင်းပါးကဏ္ဍတွင် မြန်မာနိုင်ငံ၏ ဆောင်းရာသီရိုးရာပွဲတော်များနှင့် ရိုးရာဓလေ့များအကြောင်းကို ကလေးတို့ ဗဟုသုတ အနေဖြင့် ဖတ်ရှုရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် ကျောင်းသားလေးမောင်ချိုသည် သေးငယ်သော ယိုယွင်းမှုကြီးမှ ကြီးမားစွာထိခိုက်လာတတ်သည့် ဆိုးကျိုးရလဒ်အကြောင်း နားလည်လိုက်ပုံကို ရသအနေဖြင့် ဖတ်ရှုရမည်ဖြစ်ပါသည်။ ကလေးတို့ ကိုယ်တိုင်ပါ၀င်ဆောင်ရွက်ရမည့် ''ရှာဖွေလေလေ တွေ့ရှိလေလေ'' ကဏ္ဍနှင့် ခရစ္စမတ်သစ်ပင်လေးကို ကိုယ်တိုင်ဖန်တီးနိုင်မည့် စက္ကူခေါက်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးအင်္ဂလိပ်စာဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် "Conversation Questions and Answers" ခေါင်းစဉ်ဖြင့် အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ကားနှင့် ပတ်သက်ပြီး အပြန်အလှန် ပြောဆိုသုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "Present perfect continuous tense" ကို "since"၊ "for" တို့နှင့် တွဲသုံးပုံအကြောင်း အခန်းဆက်လေ့ကျင့်ခန်း အသစ်များဖြင့် တင်ဆက်ထားသည့်အပြင် "past perfect tense" ရေးသားပုံကိုလည်း လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။