ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများအသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၀-၁၀-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၂)တွင် မြန်မာတို့၏ ပျော်ရွှင်ဖွယ် သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပပုံကို သရုပ်ဖော်ထားသော ''ပျော်ရွှင်ဆင်နွှဲ သီတင်းကျွတ်မီးထွန်းပွဲ'' မျက်နှာဖုံးဇာတ်လမ်း၊ လီယို၊ ကြွက်ဖြူနှင့် မျောက်ဝံတို့ပါ၀င်သည့် ''ကြိုးခုန်မယ်'' နှစ်မျက်နှာဇာတ်လမ်း၊ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးအကြောင်း သရုပ်ဖော်ထားသော ''ဖိုးလပြည့်'' နှစ်မျက်နှာဇာတ်လမ်းနှင့် တွဲဖက် မစားသုံးသင့်သော အစားအစာအကြောင်းကို သရုပ်ဖော်ထားသော တစ်မျက်နှာ ဇာတ်လမ်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အဆင်းတူအသွင်တူဖြစ်သော ဖန်းနက်မြေခွေးနှင့် ကစ်မြေခွေးတို့၏ အသွင်အပြင်၊ စရိုက်လက္ခဏာတို့ကို ဆောင်းပါးအနေဖြင့် ဖော်ပြထားပါသည်။ ရသဏ္ဍ၌ အစာစားရာတွင် တစ်ကိုယ်ကောင်းဆန်စွာ စားတတ်သော ဒုတိယတန်းကျောင်းသား ဖိုး၀ဏ္ဏ၏ အဖြစ်ကို တင်ဆက် ထားသည့် ''နောက်လူ'' ကလေး၀တ္ထုကို ဖတ်ရှုကြရမည်ဖြစ်ပါသည်။ အထူးကဏ္ဍတွင် ပဲခူးမြို့ရှိ လည်ပတ်ချင်စရာနေရာများအကြောင်း ဖော်ပြထားသော ''ပဲခူးမြို့သို့ အလည်တစ်ခေါက်'' ဆောင်းပါးကို တင်ဆက်ထားပါသည်။
ယခုတစ်ပတ်အတွက် အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ ဝါကျအတွင်းထည့်သွင်းသုံးစွဲပုံများကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါသည်။ ကလေးများ၏ အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်တင်ဆက်ထားသော ရွှေသွေး စကားဝိုင်းကဏ္ဍတွင် အင်တာနက်၀က်ဘ်ဆိုက် အသုံးပြုခြင်းအကြောင်းနှင့် ပတ်သက်၍ တင်ဆက်ထားပါသည်။ အင်္ဂလိပ်ဘာသာအတွက် အဓိကကျသော အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင်မူ Simple past tense နှင့် past continuous tense တို့ကိုသုံးပြီး အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံ အကြောင်းကို ကလေးများ လေ့လာနိုင်စေရန် တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။