ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃) ၌ မြန်မာပြည်တစ်၀န်းတွင် တပို့တွဲလ၌ ကျင်းပလေ့ရှိသော ထမနဲပွဲအကြောင်းကို ကလေးများသိရှိနိုင်စေရန် လေးမျက်နှာ ဇာတ်လမ်းဖြင့် သရုပ်ဖော်တင်ဆက်ထားပါသည်။ သူတစ်ပါးကို မကောင်ကြံပါက မိမိတွင်လည်း ဘေးဒဏ်ခံရပုံနှစ်မျက်နှာဇာတ်လမ်း နှင့် အလွန်ရိုးသားသော ကိုကောက်၏ ခါတိုင်းစားသလိုပါပဲ နှစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ထို့ပြင် အလိမ္မာစာမှာရှိဆိုသော စကားကို လက်ကိုင်ထား၍ ခွေးကလေး လိမ္မာအောင် စာသင်ပေးနေသည့် ကောင်လေး၏ တစ်မျက်နှာဟာသဇာတ်လမ်းနှင့် တုံတုံ၏ ပိုက်ဆံကောက်ရပုံ မျက်နှာ ၀က်ဟာသဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ပုံပြင်များကပေးသော အသိ'' ခေါင်းစဉ်ဖြင့် ပုံပြင်များကို ဖတ်ခြင်း၊ နားထောင်ခြင်းဖြင့် ရရှိမည့် အတုယူစရာများနှင့် သင်ခန်းစာများအကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကိုစေတနာမေတ္တာထားကာ ကူညီလုပ်ဆောင်ပေးပါက မိမိတွင် လည်း အကျိုးများပုံတို့ကို သိရှိမှတ်သားဖွယ် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့အကြောင်းကို ဖော်ပြပေးထားပါသည်။
ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့ကို ရုပ်ပုံနှင့်တကွ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး ရွှေသွေးစကား၀ိုင်း ကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'Why' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့ ၏ အင်္ဂလိပ်စာ အခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။