ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ယခုလာမည့် (၁၃-၁-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀) အမှတ် (၂) တွင် နတ်ပြည်ခရီးကိုရောက်နိုင်မည့်ယာဉ် မျက်နှာဖုံးဟာသဇာတ်လမ်း၊ သတိ က်လွတ်၍ အသက်ဘေးကြုံရသော ငါးလေးများ နှစ်မျက်နှာဇာတ်လမ်း၊ မန်းနီးဒရော့ (ငွေတွေ၀င်) အစီအစဉ်တွင် သွားရောက်ယှဉ်ပြိုင်မည့် ဖိုးလပြည့်နှင့်မော်ကြီးတို့၏ ကြိုတင် ပြင်ဆင်ပုံ နည်းလမ်းကောင်းများ နှစ်မျက်နှာ ဇာတ်လမ်း၊ ဖူးငယ်နှင့် ပြူးကျယ်ပါ၀င်သော ''အစ်မကြီးတော့ အမိအရာ'' တစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ကြပါသည်။
သုတကဏ္ဍတွင် ကလေးတို့သိပြီးဖြစ်သည့် တိရစ္ဆာန်များအနက် ထူးခြားဆန်းပြားသော သစ်ကုလားအုတ်အကြောင်းကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ရသကဏ္ဍတွင် အပေါ်ယံရုပ်ဆင်းကိုသာ မကြည့်ဘဲ စိတ်သဘောထားကိုပါကြည့်၍ လေ့လာပေါင်းသင်းသင့်ကြောင်း ကရုဏာသက်ဖွယ် ဖော်ကျူးထား သည့် ကလေး၀တ္ထုကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ အထူးကဏ္ဍအနေဖြင့် ပြည်သူပြည်သားများ အကျိုးရှိစေရန် နိုင်ငံသားတိုင်းစောင့်ထိန်းရမည့် ပြည်သူ့နီတိနှင့် လောကလူသားတို့ လိုက်နာအပ်သည့် လမ်းညွှန်ချက်များဖြစ်သည့် လောကနီတိတို့ကိုလည်း တင်ဆက်ထားပါသည်။ ၎င်းအပြင် အမှတ်စက်များ ဆက်ဆွဲခြင်းဖြင့် ပန်းများကြားတွင် ဝဲလည်နေသည့် လှပသော လိပ်ပြာလေးတစ်ကောင်ပုံကို ပုံဖော်နိုင်မည်ဖြစ်သည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ရည်ရွယ်၍ ယခုတစ်ပတ်တွင် ကြိယာ အချို့၏ အနက်အဓိပ္ပာယ်နှင့် ဝါကျတည်ဆောက်ပုံကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါသည်။ နေ့စဉ်စကားပြောဆိုရာတွင် ပြောလေ့ပြောထရှိသော အပြန်အလှန်ပြောဆိုပုံများကို ရွှေသွေး စကားဝိုင်း ကဏ္ဍတွင် ဖတ်ရှု၍ လေ့ကျင့်နိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာရပ်ကို လေ့လာရာ တွင် အရေးပါသည့် သဒ္ဒါကဏ္ဍအနေဖြင့် ယခုတစ်ပတ်တွင် ''Who" နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံများကို လေ့ကျင့်ရန်ဝါကျများနှင့်တကွ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားရာ ကလေးများကြိုက်နှစ်သက်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။