ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ယခုလာမည့် (၅-၅-၂၀၁၈)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၈) တွင် ''စိတ်ထားကောင်းသော်လည်း ဒေါသကို မထိန်းနိုင်၍ အကျိုးမဲ့ဖြစ်ရပုံ'' မျက်နှာဖုံး ဇာတ်လမ်း၊ ''လူသားတိုင်းရဲ့ တာ၀န်ကို ကျေပွန်သူတစ်ဦး'' နှစ်မျက်နှာဇာတ်လမ်း၊ ခေတ်ကာလ အခြေအနေကို ဖော်ပြသည့် ''ဖုန်းငွေဖြည့်ကတ်'' နှစ်မျက်နှာဇာတ်လမ်း၊ ''အရှက်မဲ့၊ အသိမဲ့မဖြစ်ရ အောင်နေရမည့် နည်းလမ်း'' တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာမှန်လျှင် ပုဂံနှင့်စပ်လျဉ်း၍ အသိပညာ၊ ဗဟုသုတရရှိစေရန် မြစေတီ ကျောက်စာအကြောင်းကို တင်ဆက်ထားပါသည်။ ရသကဏ္ဍ တွင် မိဘ၏ဆိုဆုံးမမှု မရှိသောကြောင့် ဆိုးမိုက်သွားသူတစ်ဦးအကြောင်း ကလေး၀တ္ထုအနေဖြင့် ဖွဲ့နွဲ့တင်ပြထားပါသည်။ အထူးကဏ္ဍ အနေဖြင့် မေလအတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပြီး ဂေါက်ရိုက်နေသည့် ြွကက်ကလေးနှစ်ကောင်ပုံကို ဆေးရောင်ခြယ်နိုင်မည် ဖြစ်ပါသည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ယခုတစ်ပတ်တွင် ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍ၌ ရှားပါးတိရစ္ဆာန်အချို့၏ အမည်ကို ရုပ်ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော အရည်အသွေး ကောင်းမွန်စေမည့် ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် Useful sentences structures များကို စိတ်၀င်စားဖွယ် တင်ဆက်ထားရာ လေ့လာ ကျက်မှတ်ရမည့်အပိုင်းနှင့် အစားထိုး ပြောဆိုရမည့် အပိုင်းများဖြင့် လေ့ကျင့်ပြောဆိုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to be နှင့် verb to have တို့၏ revision test များကို လေ့လာပြီးနောက် verb to do ၏ simple present tense အကြောင်း စတင်တင်ဆက်ထားရာ ကလေးများကြိုက်နှစ်သက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်