ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၇) ၌ မြန်မာ့ ရိုးရာကဆုန်ညောင်ရေသွန်းလောင်းပုံနှင့် အချင်းချင်း တစ်ဦးကိုတစ်ဦးက ကူညီဖေးမသင့်ပုံကို လေးမျက်နှာ ဇာတ်လမ်းဖြင့် သရုပ်ဖော်တင်ဆက်ထားပါ သည်။ မိမိ၏ ၀န်းခြံထဲတွင် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင်် စိုက်ပျိုးသင့်ပုံ နှစ်မျက်နှာ ဇာတ်လမ်းနှင့် ကိုကွေးနဲ့ မကောက်တို့၏သား ငနီကွေး၏ မွေးနေ့နှစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။ အာကာသယာဉ်မှူးကြီးဘယ်ကျော်၏ တစ်မျက်နှာဇာတ်လမ်းနှင့် ဖိုးရှုပ်၏ အကူအညီမှားပေးမိပုံ မျက်နှာ၀က်ဟာသဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ကာရန်သုံးသွယ် လေ့ကျင့်မယ်'' ခေါင်းစဉ်ဖြင့် ကာရန် ၆၄ ပါး အကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် မိမိအသက်မွေး၀မ်းကျောင်းမည့် အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသင့်သည်ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ပျော်ရွှင်စွာ ဖြင့် အရုပ်ကလေးများကို ဆက်ဆွဲနိုင်ရန် ကာတွန်းပုံအဆင့်ဆင့်ဆွဲကြမယ်ကဏ္ဍနှင့် မျက်စိလျင်လျင်ဖြင့် အကောင်လေးများကို ရှာဖွေနိုင်မည့် ဘယ်သူ မျက်စိ ပိုလျင်သလဲကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့၏ ပြုမူဆောင်ရွက်ပုံတို့ကို လေ့လာနိုင် မည် ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'verb to have' ဆိုင်ရာ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျ များ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့ ၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။