ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၇-၄-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၄) တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ကို ကြိုဆိုသောအားဖြင့် ဓမောင်ရိုး.... သင်္ကြန်ကျပြီ၊ ထထထဓ လေးမျက်နှာမျက်နှာဖုံးဇာတ်လမ်း၊ မိခင်စကားနားထောင်သောကြောင့် အသက်ဘေးမှ လွတ်ကင်းပုံကို သရုပ်ဖော်ထားသော ဓကြည့်သွား၊ ကြည့်စားဓ နှစ်မျက်နှာ ဇာတ်လမ်း၊ ဆိုးမိုက်သူ၏ နှလုံးသားကို သိမ်မွေ့နူးညံ့စေသော ပလွေရှင် နှစ်မျက်နှာဇာတ်လမ်း၊ အကြံပေးကောင်းတဲ့ ရန်ပိုင်စိုး တစ်မျက်နှာဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ယခုတစ်ပတ်သုတကဏ္ဍတွင် ကမ္ဘာ့ဉာဏ်အကောင်းဆုံးသတ္တဝါများအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပြီး ရသကဏ္ဍအနေဖြင့် အပြစ်ကင်းသောအလုပ်ကို မရှက်မကြောက်လုပ်ကိုင်၍ မိဘများအား တစ်ဖက်တစ်လမ်းမှ ကူညီသူအကြောင်း ကလေး၀တ္ထုအနေဖြင့် ဖွဲ့နွဲ့တင်ပြထားပါသည်။ အထူးကဏ္ဍအနေဖြင့် ဧပြီလအတွင်း ထင်ရှားသောနေ့ရက်များအကြောင်း ဗဟုသုတရစေရန် တင်ဆက်ထားပြီး ရေသူမလေး၊ ငှက်ကလေးနှင့် ပန်းချီဆရာတို့၏ပုံကို ဆေးရောင်လှလှခြယ်သ နိုင်မည်ဖြစ်သည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ် ဖတ်၊ မှတ်၊ လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့ကို အဓိပ္ပာယ်နှင့်တကွ သရုပ်ဖော် တင်ဆက်ထားပါ သည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည်တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် Useful sentence structure အနေဖြင့် နေ့စဉ် ပြောလေ့ရှိသည့် စကားပြောနည်းသုံးမျိုးကို တင်ဆက်ထားရာ လေ့ကျင့်ပြောဆိုခြင်းဖြင့် အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လာမည်ဖြစ်ပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် basic level ပင် ဖြစ်သော်လည်း အရေးပါသည့် there is:future အကြောင်းကို ရှင်းလင်းချက်များ၊ နမူနာဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားရာ ရွှေသွေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။