ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ယခုလာမည့် (၂- ၁၂-၂၀၁၇) နေ့ထုတ် ရွှေသွေးဂျာနယ် အတွဲ ၄၉၊ အမှတ် ၄၈ တွင် မောင်ရိုးနှင့် အားကစားပြိုင်ပွဲ လေးမျက်နှာဟာသဇာတ်လမ်းကို တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးလူကုန်ကူးအဖွဲ့ကို အမှတ်မထင် ခြေရာခံ မိသည့် ပုပုနှစ်မျက်နှာဇာတ်လမ်း၊ စေ့စပ်ညှိနှိုင်းရေးသမားကိုကွေး နှစ်မျက်နှာဇာတ်လမ်းနှင့် ကရုဏာရှင်တိုးတိုးလေး တစ်မျက်နှာ ဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
သုတရသကဏ္ဍတွင် ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်၍ ဗုဒ္ဓဘာသာမြန်မာတို့ မြတ်နိုးတန်ဖိုးထားကြသည့် သိင်္ဂုတ္တရကုန်းတော်နှင့် ရွှေတိဂုံစေတီတော် သမိုင်းကြောင်း ရေးသားထားသော ဆောင်းပါး၊ တောရွာ၀န်းကျင်၊ တောရွာဓလေ့နှင့် သဘာ၀အလှအပများကလည်း တစ်မျိုးတစ်ဖုံ နေပျော်စရာ ဖြစ်ကြောင်း ဖော်ကျူးထားသည့် ကလေး၀တ္ထုတိုနှင့် ဒီဇင်ဘာလအတွင်း မှတ်သားဖွယ်ရာ နေ့ရက်တို့ကို တင်ဆက်ထားပါသည်။
ယခုတစ်ပတ် အင်္ဂလိပ်စာကဏ္ဍတွင် ကလေးတို့ စကားလုံးကြွယ်၀စေရန် 'R' နှင့်ဆိုင်သော ဝေါဟာရအချို့ကို အနက်အဓိပ္ပာယ်၊ သရုပ်ဖော်ပုံများ၊ ဝါကျ အတွင်းထည့်သွင်းသုံးစွဲပုံများနှင့်တကွ ရှုစားကြရမည် ဖြစ်ပါသည်။ ရွှေသွေးစကား၀ိုင်းကဏ္ဍတွင် နေ့စဉ်သုံး အင်္ဂလိပ် စကားပြောပုံများကို ရှင်းလင်းချက် များ၊ နမူနာဝါကျများဖြင့် ဝေဝေဆာဆာဖတ်ရှုကြရမည် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ စကားကို နားလည်တတ်ကျွမ်းစေရန် ပဓာနကျ သည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် want ၏ အသုံးတွင်ပုံ ရှင်းလင်းချက်များ၊ သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများ၊ နမူနာဝါကျများနှင့် လေ့ကျင့်ရန် ဝါကျများဖြင့် စုံစုံလင်လင် လေ့လာနိုင်မည် ဖြစ်ရာ ကလေးတို့သဘောကျမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။