ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၂) ၌ ခြေလေးချောင်းသားကို မစား၍ အသက်ချမ်းသာရာ ရပုံ မျက်နှာဖုံးဇာတ်လမ်းနှင့် မိခင်၏ သတိပေး ဆုံးမစကားကို နားထောင်ခဲ့သည့်အတွက် အသက်ဘေးမှ လွတ်မြောက်ရပုံ နှစ်မျက်နှာဇာတ်လမ်းတို့ကို ကလေးများ အတုယူဖွယ် ဖတ်ရှုနိုင် ရန် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ပန်းချီပညာကို လေ့လာသင့်ပုံ နှစ်မျက်နှာ ဇာတ်လမ်းလည်း ပါ၀င်ပါသည်။
သုတကဏ္ဍတွင် ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါက ရရှိလာမည့် အကျိုးတရားများနှင့် အခြားရယ်မောဖွယ်ရာ ဟာသအချို့တို့ကို ဗဟုသုတရ ဖွယ် ဖတ်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် ကလေး၀တ္ထုကဏ္ဍတွင် မိမိတို့၏ ညီငယ်၊ ညီမငယ်တို့ကို သနားကရုဏာထား၍ စောင့်ရှောက်သင့်ပုံကို တင်ဆက် ထားပါသည်။ ယခုတစ်ပတ်တွင် မန္တလေးတိုင်းဒေသကြီး၏ သိမှတ်ဖွယ် ဗဟုသုတအချို့ကို တင်ဆက်ထားရာ ကလေးများ အသိပညာ တိုးပွားလာမည် ဖြစ်ပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် လွယ်ကူ၍ အသုံး၀င်သော ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို တင်ဆက် ထားပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် 'Useful Expressions' ခေါင်းစဉ်ဖြင့် တစ်စုံ တစ်ယောက်သည် အလုပ်တစ်ခုကို ပုံမှန်စွဲမြဲစွာမလုပ်ဘဲ တစ်ခါတစ်ရံမှသာ လုပ်သည်ဆိုသော သုံးနှုန်း ပြောဆိုပုံ အချို့နှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'To' ၏ အသုံးအနှုန်းနှင့် ဝါကျတည်ဆောက် ပုံတို့ကို ဖော်ပြထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက် လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။