ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများအသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ (၁၁-၈-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၂)တွင် ကလေးတို့၀န်းကျင်၌ ကျန်းမာရေးနှင့် ညီညွတ်အောင်ဆောင်ရွက်သင့်ပုံကို သရုပ်ဖော်ထားသည့် ''ခြင်ကျားကင်းစင် ကျောင်းတစ်ခွင်'' မျက်နှာဖုံးဇာတ်လမ်း၊ ''နေသင့်သည့် နေရာကို သိရှိသွားသူ'' နှစ်မျက်နှာဇာတ်လမ်း၊ ''ငါးဖမ်းတော်သူ'' နှစ်မျက်နှာဇာတ်လမ်းနှင့် ပူးပုံပါ၀င်သော ''သတ္တိခဲ'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အသိအမြင်ဗဟုသုတရရှိစေရန် တင်ဆက်ပေးနေသည့် ရွှေသွေးသုတကဏ္ဍတွင် ဗုဒ္ဓဘာသာ၀င်တို့၏ ထင်ရှားသောယဉ်ကျေးမှု အမှတ်အသားတစ်ခုဖြစ်သည့် ''ကြေးစည်'' အကြောင်း ကိုဖတ်ရှုရမည်ဖြစ်သည်။ ထို့အပြင် ယခုခေတ်ကာလတွင် ကြုံတွေ့ရတတ်သည့် ရေကြီးရေလျှံမှု ဖြစ် ပွားရခြင်းအကြောင်းများကို တင်ဆက်ထားပါသည်။ မှားယွင်းသောအယူအဆ အစွဲအလမ်းများကို ဖယ်ရှားပစ်ကာ မှန်ကန်သော ကြိုးစားမှုဖြင့် အောင်ပွဲဆင်နိုင်ကြောင်းကို ''ကြက်ဥ ဘဲဥ ငုံးဥ'' ကလေး၀တ္ထုဖြင့် သီကုံးဖွဲ့နွဲ့ထားပါသည်။ ယခုတစ်ပတ်တွင် ပြည်သူပြည်သားများ အကျိုးစီးပွား တိုးတက်အောင် နိုင်ငံသားတိုင်းစောင့်ထိန်းရမည့် ပြည်သူ့နီတိနှင့် လောကလူသားတို့လိုက်နာအပ်သည့် လောကနီတိတို့ကို ဖော်ပြထားပါသည်။ ထို့အပြင် အမှတ်စက်များကို ဆက်ဆွဲခြင်းဖြင့် မီးရထား စက်ခေါင်းပုံကို ရေးဆွဲနိုင်မည်ဖြစ်ပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံဝေါဟာရအချို့ကို ဝါကျအတွင်း ထည့်သွင်း သုံးစွဲပုံများ၊ သရုပ်ဖော်ပုံများနှင့်တကွ ဖော်ပြထားရာ ပိုမိုသိမြင် လွယ်မည်ဖြစ်သည်။ ယခုတစ်ပတ် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' အနေဖြင့် ''what's the matter with.....?'' နှင့် ''what would you do if........'' တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ နမူနာ ဝါကျများ၊ အပြန်အလှန် စကားပြောခန်းများကို ဖတ်ရှုပြီး မိမိစိတ်ကူးအတွေးဖြင့် အစားထိုး လေ့ကျင့်ပြောဆိုနိုင်ပါသည်။ အင်္ဂလိပ်စာကို သိနားလည်ရန် ပဓာနကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် be going to+V1 နှင့် future tense ရေးပုံများကို ဆက်လက် တင်ဆက်ထားပြီး သင်ခန်းစာအသစ်အနေဖြင့် အနာဂတ်နှင့် စပ်လျဉ်း၍သုံးစွဲရသည့် will နှင့် စပ်လျဉ်း၍ အစပျိုး တင်ဆက်ထားရာ ကလေးများ နှစ်ခြိုက််မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။