ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၅) ၌ ကလေးများအနေဖြင့် မိမိတို့၏ ဘိုးဘွားပိုင်ပစ္စည်းများကို တန်ဖိုးထား တတ်စေရန် တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် သူတစ်ပါး၏ ကောင်းကျိုးကို မျှော်မှန်း ကာ ကောင်းမှုကုသိုလ်ပြုလုပ်ပါက မိမိတွင်လည်း ကောင်းကျိုးများပုံကို တင်ဆက်ထားသည့် နှစ်မျက်နှာ ဇာတ်လမ်း၊ သူတစ်ပါးကို မကာင်းကြံပါက မိမိတွင် ဒုက္ခရောက်ရပုံကို တင်ဆက်ထား သည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ဖိုးလပြည့်၏ ရည်မှန်းချက်များနှင့် စာကြိုးစားသင့်ပုံ တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''သတ်ပုံအကြောင်း တစေ့တစောင်း'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် မိမိ၏ဂုဏ်ကို ဖော်ထုတ်ပြောဆိုနေခြင်းသည် မလုပ်အပ်သည့် အရာဖြစ်ကြောင်းကို ပညာပေးတင်ဆက်ထားပါသည်။ ယခုအပတ်တွင် ကလေးများအနေဖြင့် ရုပ်ပုံလေးများကို ဆက်ဆွဲနိုင်မည့် ''ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်''ကဏ္ဍနှင့် ပျောက်နေသည့် ပစ္စည်းလေးများကို ရှာဖွေနိုင်မည့် ''ဘယ်သူ မျက်စိပိုလျင် သလဲ'' ကဏ္ဍတို့ကို ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ် ရွှေသွေးဝေါဟာရကဏ္ဍ၌ အသုံးများသည့် ပြုမူ ဆောင်ရွက်ပုံ ကြိယာအချို့ကို ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိက ကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to do ဝါကျ၏ 'simple continuous tense' အကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ နှစ်ခြိုက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။