ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ (၂-၆-၂၀၁၈) စနေနေ့ တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၂)၌ ''ကိုယ်ပျောက်ဝိဇ္ဇာ အိပ်မက်'' မျက်နှာဖုံးဇာတ်လမ်း၊ ''ဆင်ခြင်စရာ ဖုန်းဂိမ်းဝါသနာ'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ''မာနကြီးတဲ့ကြိုးကြာငှက်'' နှစ်မျက်နှာ ဇာတ်လမ်း၊'' ဖိုးရှုပ်ရှာ တဲ့ ပြဿနာ'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်/
သုတကဏ္ဍတွင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို လိုက်နာကျင့်သုံးရုံဖြင့် ကျန်းမာခြင်းဟူသော လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်ကြောင်း ရေးဖွဲ့ထား ပါသည်။ ရသကဏ္ဍတွင် အရေးကြုံလာလျှင် ရှိသင့်ရှိအပ်သည့် သတ္တိမျိုးရှိနေအောင် မွေးမြူသင့်ပုံကို ကလေး၀တ္ထုအနေဖြင့် တင်ဆက်ထားပါသည်။ အထူးကဏ္ဍအနေဖြင့် ဇွန်လအတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်း ဖတ်ရှုရမည်ဖြစ်ပြီး ရေမြင်းစီးနေသော လူငယ်လေးတစ်ဦးပုံကို ဆေးရောင် လှလှခြယ်သနိုင်မည် ဖြစ်သည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍ၌ ပြုမူ ဆောင်ရွက်ပုံ ကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါသည်။ ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် 'Useful sentence structures' အနေဖြင့် ''on one hand.......on the other hand'' နှင့် ''see that'' ဟူသည့် စကားပြောနည်းများကို ရှင်းလင်းချက်များ၊ ဥပမာဝါကျများ၊ အပြန်အလှန်စကားပြောခန်းများဖြင့် စီစဉ်တင်ဆက်ထားရာ ပုံသေမှတ်သားရမည့် အပိုင်းများကို အလွတ်ကျက်မှတ်ပြီး အစားထိုးပြောဆိုရမည့်အပိုင်းများကို စိတ်ကူးရှိသမျှ တီထွင်ပြောဆိုနိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာ အရေးပါလာ သော ယနေ့ခေတ်တွင် အင်္ဂလိပ်စာအခြေခံ ကောင်းမွန်စေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် simple present tense နှင့်စပ်လျဉ်း၍ ပိုမိုမှတ်မိလွယ်စေ မည့် ပြန်လှန်လေ့ကျင့်ခန်းများ၊ နမူနာဝါကျများကို ဆက်လက်တင်ဆက်ထားပြီး present continuous tense အကြောင်း စတင်မိတ်ဆက်ထားရာ ကလေးများ ကြိုက်နှစ်သက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။