ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေး ဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁) ၌ မိမိ၏ ကာယနှင့် ဉာဏအားမပါဘဲ အချောင်ရလိုသူတို့၏ အကြောင်းကို ကလေးများသတိပြုမိစေရန် လေးမျက်နှာ ဇာတ်လမ်းဖြင့် သရုပ်ဖော် တင်ဆက်ထားပါသည်။ ထို့ပြင် တစ်ဦး၏ကျေးဇူးကို တစ်ဦးက သိတတ်ပုံကို ကလေးများ အတုယူဖွယ် ဖော်ကျူးထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ပညာရှိတို့ပြောသောစကားကို လိုက်နာကျင့်သုံး တတ်စေရန် ရေးဖွဲ့ထား သည့် နှစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ပညာကို လုံ့လဝီရိယထား၍ ကြိုးစားသင့်ပုံကို ရေးဖွဲ့ထားသည့် တစ်မျက်နှာဇာတ်လမ်းနှင့် ကျောက်ပု၏ အြွကားသန်ပုံမျက်နှာ၀က်ဟာသ ဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် ''လွတ်လပ်အောင်ပွဲနွှဲကြစို့'' ခေါင်းစဉ်ဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရေးဖွဲ့ထားသော ကဗျာပါ အကြောင်းအရာတို့ကို ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ ထားပါသည်။ ပုံပြင်ကဏ္ဍတွင် လောက၌ သားသမီးတစ်ဦးအနေဖြင့် တန်ဖိုးအထားသင့်ဆုံးအရာ မှာ မိမိတို့၏ မိဘများပင် ဖြစ်ကြောင်းကို ကလေးများအတုယူနိုင်စေရန်နှင့် မိဘတို့အပေါ် ရိုသေအလေးထားတတ်စေရန် ပညာပေးထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် ဇန်နဝါရီလအတွင်း ထူးခြားထင်ရှားနေ့ရက်များကို ဖော်ပြပေးထားပါသည်။ ကလေးများ အရုပ်ကလေးများကို ပျော်ပျော်ရွှင်ရွှင် ဆေးရောင်ခြယ်သနိုင်မည့် 'ဆေးရောင်လှလှခြယ်ကြရအောင် ကဏ္ဍ' ကိုလည်းထည့်သွင်းထားပါသည်။
ဖတ်မှတ်လေ့လော၀ါဟာရကမ္ဘာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို ရုပ်ပုံနှင့်တကွ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေး အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'When' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျ တည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။