ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၄၅) ၌ ဦးပေတလူ၏ တန်ဆောင်တိုင်ပွဲတော်၌ ကပြသည့် ဆဒ္ဒန်ဆင်မင်းဇာတ်တွင် ပါ၀င် သရုပ်ဆောင်ရပုံအကြောင်းကို သရုပ်ဖော်ထားသော “တန်ဆောင်တိုင်မင်းသားကြီးဦးပေတလူ”မျက်နှာဖုံးဇာတ်လမ်း၊ “ကြောင်တောင်ကန်း” နှစ်မျက်နှာဟာသ ဇာတ်လမ်း၊ “အားကျမခံ” တစ်မျက်နှာ ဇာတ်လမ်း၊ ကေျာင်းပညာကို ဆက်လက်သင်ကြားရန် အမြင်မှန်ရသွားသော “ဖိုးကတုံး” နှစ်မျက်နှာ ဇာတ်လမ်းနှင့် လူတိုင်းစိတ်ကောင်းရှိရန် လိုအပ် ကြောင်းကို သရုပ်ဖော်ထားသော “ဘေဘီဗွတ်ကလုံ” တစ်မျက်နှာကာတွန်းဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် သားပိုက်ကောင်အကြောင်းကို ကလေးတို့ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် စေတီတော် တည်ရာ၌ လုပ်အားဒါနကုသိုလ်ပါ၀င်ရသည့်အတွက် ၀မ်းသာကြည်နူးပီတိထူးကို ရရှိခံစားရပုံအကြောင်းကို ရေးသားတင်ဆက်ထား ပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပုံနှစ်ပုံထဲမှ မတူညီသည့် အချက်များကို မျက်စိလျင်လျင်ဖြင့် ရှာဖေွနိုင်မည့် ရွှေသွေးတို့ပေျာ်စရာ ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အငြင်းဝါကျပြောင်းနည်းဆိုင်ရာ သင်ခန်းစာသစ် အချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။