ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၈-၇-၂၀၁၈) စနေနေ့ တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၀)၌ ဆင်ကလေးနှင့်မျောက်ကလေးတို့ပါ၀င်သော''သူငယ်ချင်းမိတ်ဆွေ'' မျက်နှာဖုံးဇာတ်လမ်း၊ ''မြဲမြဲမှတ်ထား'' နှစ်မျက်နှာ ဟာသဇာတ်လမ်း''၊ ''သကြားလုံး သင်ခန်းစာ'' နှစ်မျက်နှာ ပညာပေး ဇာတ်လမ်း၊ အစားအစာများကို ဆင်ခြင်စားရန်လိုအပ်သည့် '' မိုးဦးကာလ'' တစ်မျက်နှာ ပညာပေး ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့ဗဟုသုတရရှိစေရန် ရည်ရွယ်တင်ဆက်သည့် ရွှေသွေးသုတကဏ္ဍတွင် ''သိပ္ပံဆိုင်ရာ သိကောင်းစရာ''ဆောင်းပါးကို ဖတ်ရှုကြရမည် ဖြစ်ပါ သည်။ ရသကဏ္ဍတွင် ချင်းတွင်းမြစ်ပြင်၌ ဝါးဖောင်အိမ်လေးများတွင် နေထိုင်ကြကာ ၀မ်းရေးအတွက် ရုန်းကန်ကြိုးစားနေကြသည့် မိသားစုများနှင့် ၎င်းတို့၏ သားသမီးများဘ၀တိုးတက်ရေးအတွက် ပညာသင်ကြားကြပုံများ အကြောင်းကို စိတ်၀င်စားဖွယ် ဖွဲ့နွဲ့တင်ပြထားသည့် ''ချင်းတွင်းဆလုံ လှမ်းခုန် အင်အား'' ကလေး၀တ္ထုတိုကို တင်ဆက်ထားပါသည်။ အထူးကဏ္ဍအနေဖြင့် ''တောင်ကြီးမြို့တစ်ခွင် လည်ပတ်စေချင်'' ဆောင်းပါးကို ဖတ်ရှုရမည် ဖြစ်သည်။
ကလေးတို့၏ အင်္ဂလိပ်ဝေါဟာရတိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍ၌ ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကိုသရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါ သည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' အနေဖြင့် ''what do you say.....?'' နှင့် ''what....for'' တို့နှင့် စပ်လျဉ်းသော စကားပြောနည်းများကို ရှင်းလင်းချက်များနှင့် ဥပမာဝါကျများကို ဖတ်ရှုကာ အပြန်အလှန် စကားပြောခန်းများဖြင့် လေ့ကျင့်ပြောဆို နိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာကို ပိုင်နိုင်ချင်သူများအတွက် လိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကို နိုင်နင်းစေမည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် present simple tense နှင့် present continuous tense တို့နှင့် စပ်လျဉ်း၍ ပိုမို မှတ်မိလွယ်စေရန် ပြန်လှန်လေ့ကျင့်ခန်းများကို လေ့ကျင့်ကာ talking about future အကြောင်း စတင်ဖတ်ရှု ကြရမည်ဖြစ်ရာ ကလေးများ ကြိုက်နှစ်သက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။