• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၄- ၂- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၇)ထွက်ရှိ

၁၄- ၂- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၇)ထွက်ရှိ

တန်ဖိုး - 400ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၇)၌ လင်းယုန် ပီပီသသဖြစ်လာရန် လမ်းပြပေးသော မိခင်လင်းယုန်မကြီး၏ စေတနာကို နားလည်သဘောပေါက်သွားသော လင်းယုန်ငယ်အကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးပါ မေမေ” မျက်နှာဖုံးကာတွန်း၊ စပါးရိတ်ချိန်နှင့် ပတ်သက်၍ ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာကာတွန်း၊ ကုန်သည်သူဌေး၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်း ခံရသော ဉာဏ်ကောင်းသည့် ရွှေမိုး အကြောင်း သရုပ်ဖော်ထားသည့် “ဉာဏ်ကောင်းသော ရွှေမိုး” နှစ်မျက်နှာကာတွန်း၊ ဒုက္ခရောက်နေ သော ကြောင်လေးကို ကူညီရာက အလွဲလွဲ အမှားမှားဖြင့်သာ တွေ့ကြုံရသော ပေါ်ဆန်းအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ပေါ်ဆန်း” နှစ်မျက်နှာကာတွန်း၊ အရွယ်ရောက်လာလျှင် ဆေးဆိုင်ဖွင့်မည်ဆိုသော ဟန်သီမကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်းနှင့် ထမင်းစား အဖိတ်ခံရသောကြောင့် ဟင်းအမျိုးအစား မေးလိုက်သော ဘယ်ကျော် အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို  တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ဗီတာမင်ချို့တဲ့ရောဂါ မဖြစ်စေရန် မျှတသော အစားအသောက် များကို ရွေးချယ် စားသောက်ရမည်ဖြစ်ကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကြက်သွန်နီ အစို့ပေါက်များကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သော မောင်မောင်တာ အကြောင်း ဖတ်ရှုရမည်ဖြစ်ပါ သည်။ ပုံပြင်ကဏ္ဍအနေဖြင့် စစ်မှန်သော သူငယ်ချင်း ရှိခြင်းသည် တန်ဖိုးရှိသော ရတနာတစ်ပါး ကဲ့သို့ ဖြစ်ကြောင်း နားလည်သဘောပေါက်သွားသော ယုန်ကလေး ဘင်နီအကြောင်း ရေးသား ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက် ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် သစ်ပင်သစ်တောများ ရှိခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ (ပျော်ဘွယ်)၏ “သစ်ပင် စိုက်ပျိုး ပြည့်အကျိုး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • ရွှေသွေး
  • စာကြည့်တိုက်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • အရောင်းဌာန
  • စာမူများ
books
  • ၁၈- ၄- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၆)ထွက်ရှိ

    10-Apr-2026
  • ၁၁- ၄- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၅)ထွက်ရှိ

    10-Apr-2026
  • ၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄) e-book ထွက်ရှိ

    06-Apr-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman