• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၈ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃) ထွက်ရှိ

၁၈ - ၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၃) ၌ မေတ္တာတရားဆိုသည်မှာ လူများတွင်သာ မဟုတ်ဘဲ တိရစ္ဆာန်များမှာပါ ရှိသည့် အကြောင်းကို သရုပ်ဖော်ထားသည့် “မေတ္တာတရား” မျက်နှာဖုံးဇာတ်လမ်း၊ လေကို အပြစ်တင်မိသည့် ငှက်ကလေးအကြောင်း သရုပ်ဖော်ထားသည့် “ငှက်ကလေး” နှစ်မျက်နှာကာတွန်း၊ ဆရာမ မေးသည့် ဝါကျကို သူ၏ ဟာသဉာဏ်ဖြင့် ပြန်လည်ဖြေဆိုသည့် ပန်ပန်အကြောင်း တင်ဆက်ထားသည့် “ပန်ပန်၏ ကျင်၊ ကြင်၊ ကျဉ် နှင့် ကြဉ်” တစ်မျက်နှာကာတွန်း၊ ပိုက်ဆံအိတ်သူခိုးကို ဖမ်းပေးသည့် ဖြိုးရဲတို့ သူငယ်ချင်းများအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ-လေ့လာစူးစမ်း” နှစ်မျက်နှာကာတွန်း၊ မြေခွေး၏ ကောက်ကျစ်သည့်အကြံမှ  ရှောင်ရှားနိုင်ခဲ့သည့် သမင်လေးအကြောင်း သရုပ်ဖော်ထားသည့် “သိနေတယ်” နှစ်မျက်နှာကာတွန်း၊ ပေါတောလေးက ‘ဗဟုသုတ’ ၏ အနက်အဓိပ္ပာယ်ကို ရှင်းပြပုံအား သရုပ်ဖော်ထားသည့် “ပေါတောလေး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လူတိုင်း လိုက်နာသင့်သည့် ကျန်းမာခြင်း အကြောင်းတရားလေးပါးအကြောင်း ဗဟုသုတ ရရှိစေရန် ရေးသားထားသည့် “အသက်ရှည်ရာ အနာမဲ့ကြောင်း” သုတကဏ္ဍ၊ လူတိုင်းတွင် စိတ်ဓာတ်ကောင်း၊ ခံယူချက်ကောင်းများ ရှိသင့်သည်ကို တွေးမိသည့် ထွန်းတောက်အကြောင်း ရေးသား ထားသည့် “လူ့မနော” ဝတ္ထုကဏ္ဍ၊ အသက်အရွယ် ကြီးရင့်သူများသည် ဉာဏ်အမြော်အမြင် ကြီးမား၍ အတွေ့အကြုံများစွာ ရှိသည်ကို နားလည်သဘောပေါက်သွားသည့် ဘုရင်လေးအကြောင်း ရေးသားထား သည့် “အသက်ကြီးသူ၏ စဉ်းစားဉာဏ်” ပုံပြင်ကဏ္ဍနှင့် မိမိ၏ဉာဏ်ဖြင့် ဆင်ခြင်ကြံဆ၍ ကြိုးစားလျှင် အောင်မြင်မှုများရရှိနိုင်ပြီး မိမိကိုယ်ကိုသာ အားကိုးသင့်ကြောင်း “မိမိကိုယ်သာ အားကိုးရာ” ကဗျာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာအနေနှင့် လေ့ကျင့်မှုများ၊ ဝါကျများနှင့် အစားထိုးလေ့ကျင့်မှုများ ပြုလုပ်နိုင်မည့် ဆရာ KML ၏ “အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကားအသုံးအနှုန်းများ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဏ္ဍာစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
 
ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။


Download PDF
ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာမူများ
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • အရောင်းဌာန
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ၅-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၄) e-book ထွက်ရှိ

    02-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman