• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၈ - ၃ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၀) ထွက်ရှိ

၈ - ၃ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၀) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁၀)၌ ငယ်ရွယ်သူ ညီလေး၊ ညီမလေးများသည် အကြီးဖြစ်သူ အစ်ကို၊ အစ်မများ၏ အပြုအမူ များကို အတုယူတတ်၍ အကြီးဖြစ်သူများအနေဖြင့် အမူအကျင့်ကောင်းများကို ပြုလုပ်သင့်ကြောင်း သရုပ် ဖော်ထားသည့် “သမီးမောင်လေး ပိစိကွေး” မျက်နှာဖုံးကာတွန်း၊ ငယ်ရွယ်စဉ်ကတည်းက မိဘများက အလိုလိုက်ထား၍ မည်သည့်ပညာရပ်ကိုမျှ  စိတ်ဝင်စားမှု မရှိသောကြောင့် စောင်းပညာသင်ရာ၌ စောင်း ပညာမတတ်ဘဲ စောင်းကြိုးများသာ ပျက်စီးဆုံးရှုံးသွားပုံကို သရုပ်ဖော်ထားသည့်  “ပိုးသာကုန် မောင်ပုံ စောင်းမတတ်” နှစ်မျက်နှာကာတွန်း၊ မိဘ၏ ဆုံးမစကားကို နားထောင်ခဲ့၍ ကောင်းကျိုးများ ခံစားခဲ့ရ သော ခြင်္သေ့လေးအကြောင်းကို သရုပ်ဖော်ထားသည့် “အိပ်မက်မေ” နှစ်မျက်နှာကာတွန်း၊ သူဌေးကြီး တစ်ဦးကို လိမ်ညာပြောဆိုနိုင်ခဲ့သော ဉာဏ်ပညာထက်မြက်သည့် မောင်သုတအကြောင်းကို သရုပ်ဖော် ထားသည့် “မောင်သုတနဲ့ အလိမ်အညာ” နှစ်မျက်နှာကာတွန်း၊ ကစားမက်သော တူဖြစ်သူကို ဆုံးမစကား ပြောကြားရာ၌ ဥပမာပေးမှားနေသော အဒေါ်ဖြစ်သူအကြောင်းကို သရုပ်ဖော်ထားသည့် “မငွေခင်ပါဝင် သော ကောက်တာချင်း အတူတူ” တစ်မျက်နှာကာတွန်း၊ ကမ္ဘာပေါ်တွင် အမွှေးဆုံးပန်း ဖြစ်သည့် စာရိတ္တ ပန်းအကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် မျက်ခမ်းလှုပ်ခြင်းဖြစ်ပေါ်လာပုံနှင့် ကျန်းမာသော မျက်စိဖြစ်ရန်  ဂရုစိုက်သင့်ကြောင်း ရေးဖွဲ့ထားသည့် “မျက်ခမ်းလှုပ်ခြင်း” သုတဆောင်းပါး ပါဝင်ပြီး မိမိ၏ အနီးအနား တွင်ရှိသော မိတ်ဆွေများ အဝေးသို့ မရောက်ခင် တန်ဖိုးထားဆက်ဆံသင့်ကြောင်း ရေးဖွဲ့ထားသည့် “လူငယ်လေးနဲ့ ရွှေရောင်ငှက်လေး” ပုံပြင်နှင့် မိမိ၏ အမှားကို သိရှိ၍ အချိန်မီပြုပြင်နိုင်ခဲ့သော မောင်အောင်အကြောင်းကို ရေးဖွဲ့ထားသည့် “အဖေ့စကားတစ်ခွန်း” ဝတ္ထုတို့ ပါဝင်ပါသည်။ ပေးထားသော ရုပ်ပုံတို့ကို ကလေးတို့စိတ်ကြိုက် အ‌ရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊  ပေးထားသော ရုပ်ပုံလေးများ၏ အင်္ဂလိပ်စကားလုံးအမည်မှန်များကို ဖြည့်ပေးစေလိုသည့် ဉာဏ်စမ်းနှင့် ‌နွေဦးဆန်းစဖြစ်သည့် တပေါင်းလ၏ သာယာပုံနှင့် ကျင်းပလေ့ရှိသော ရိုးရာပွဲများ အကြောင်းကို သီကုံးစပ်ဆိုထားသည့် “နွေဦးဆန်းစ တပေါင်းလ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မကြာခဏ ဆူဆူညံညံလုပ်တတ်သော အိမ်နီးနားချင်းများအကြောင်းကို အပြန်အလှန် ပြောဆိုရာ၌ အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောနိုင်မည့် “ရွှေသွေးစကားဝိုင်း” ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • စာပေရေချမ်းစင်
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • စာမူများ
books
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman