• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၁ - ၁၂ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၅၁) ထွက်ရှိ

၂၁ - ၁၂ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၅၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် ၁၂နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၅၁)၌ တစ်နေ့တွင် လကမ္ဘာပေါ်သို့ အရောက်သွားနိုင်ရန် စာကြိုးစားတော့မည်ဆိုသော မောင်အာကာအကြောင်း သရုပ်ဖော်ထားသည့် “လပေါ် သွားမည့် မောင်အာကာ” မျက်နှာဖုံးကာတွန်း၊ အားကစားလုပ်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရန် ရည်ရွယ်၍ ကစားခြင်းဖြစ်ပြီး လောင်းကြေးပါလာပါက အချင်းချင်း စိတ်ဝမ်းကွဲတတ်ကြောင်းကို နားလည် သဘော ပေါက်သွားသော ပုပုတို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ကြက်ပဲ ချက်ထားတယ်” နှစ်မျက်နှာကာတွန်း၊ နောင်တွင် အမေဖြစ်သူ၏ ဆုံးမစကားများကို နာခံတော့ မည်ဆိုသော ကြောင်လေးအကြောင်း သရုပ်ဖော်ထားသည့် “ကြောင်လေး ဖိုးရှုပ်” နှစ်မျက်နှာ ဟာသ ကာတွန်း၊ ပန်ပန်သည် ဆရာမ၏ တပည့်များအပေါ် ထားရှိသည့် စေတနာနှင့် အနစ်နာ ခံတတ်မှုကို ကိုယ်တိုင်က လက်ခံရရှိကာ မြတ်နိုးတန်ဖိုးထားတတ်ရန် အသိတရား ရသွားပုံအကြောင်း သရုပ်ဖော် ထားသည့် “ပန်ပန်နှင့် နာ နှစ်နာ” နှစ်မျက်နှာကာတွန်း၊ အန်တီနန်း၏ ဟင်းချက်စွမ်းရည်က ဦးအော၏ ဟင်းချက်စွမ်းရည်ကို မမီကြောင်း ‌သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် အရပ် အမြန်ဆုံးရှည်ချင်ရသည့် အကြောင်းရင်းကို ပြောပြလိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထား သည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
 
သုတကဏ္ဍအနေဖြင့် ပင်စည်တစ်ပင်တည်းမှ ပင်စည်ပေါင်းများစွာ ပွားများတတ်သော ညောင်ပင်မျိုးစိတ်အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ကြိုးကြာငှက် မလေးသည် သူ၏ အသက်သခင်ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်ပုံအကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့်  ကျောင်းစုံညီပွဲတော်၏ ပျော်ရွှင်ဖွယ်ရာ အမှတ်တရများသည် မမေ့နိုင်သော အမှတ် တရများအဖြစ် မှတ်ဉာဏ်အတွင်း စွဲထင်နေတော့မည့် ကြယ်စင်ချိုအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးတို့လက်ရာကဏ္ဍနှင့် မြန်မာတို့၏ ဆောင်းဥတုအချိန်အခါ သဘာဝ အလှများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ စိုးစံခေတ်ဟန်၏ “ဆောင်းလချိန်ခါ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အသုံးဝင်၊ အသုံးများသော နေ့စဉ်သုံး အင်္ဂလိပ်စကား အသုံးအနှုန်းများအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာမူများ
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman