• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၀ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၂) ထွက်ရှိ

၁၀ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၂)၌ အခြားသူများကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိဟု စိတ်အားငယ်နေရာမှ သူ၏ အစွမ်းအစ ကို သိရှိသွားသော ဘဲလေးအကြောင်းကို ရေးဖွဲ့ထားသည့် “အစွမ်းကိုယ်စီ” မျက်နှာဖုံးကာတွန်း၊ ကျောင်းအားလပ်ရက်တွင် ရပ်ကွက်သန့်ရှင်းရေးလုပ်ရာ၌ အကူအညီပေးခဲ့သော မိဆုတို့ သူငယ်ချင်းများ အကြောင်းကို ရေးဖွဲ့ထားသည့် “မိဆုနဲ့ မိုးရာသီ” နှစ်မျက်နှာကာတွန်း၊ အစ်မဖြစ်သူ၏ စကားကို နားမထောင်ဘဲ အပြင်ထွက်၍ ကစားမိသဖြင့် ခွေးလိုက်ခံခဲ့ရသော လင်းထက်အကြောင်းကို ရေးဖွဲ့ထား သည့် “လင်းထက် - လိမ္မာပါ” နှစ်မျက်နှာကာတွန်း၊ ခွင့်စာကို လိမ်ညာရေးသဖြင့် ဆရာမ၏ အပြစ် ပေးခြင်းကို ခံရသည့် ဘုန်းဆင့်သူအကြောင်းကို ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ ပါဝင်သော ခွင့်စာ” နှစ်မျက်နှာကာတွန်း၊ မုန့်ကိုတက်သော ပုရွက်ဆိတ်များသည် လက်ဆေးမထားသောကြောင့် ပုရွက်ဆိတ် တက်သော မုန့်ကို မစားလိုသော ဖိုးတစ်တိုအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ အိပ်ရာထပျင်းသော ဖိုးကဲနှင့် သူ၏အဖေတို့အကြောင်းကို ရေးဖွဲ့ထားသည့် “နာရီလေး သနားစရာ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် အသံလှိုင်းများဖြစ်ပေါ်လာပုံနှင့် အသံလှိုင်း၏ အတိုးအကျယ်ကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အသံလှိုင်း” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ မိမိတို့၏ အယူအဆအမှားကြောင့် သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ဆောင်မိ၍ နောင်တရသွားသော မောင်ကြီးနှင့် မောင်ငယ်တို့ ညီအစ်ကိုနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားသည့် “ညီအစ်ကိုနှစ်ဦးနှင့် မြည်းလေး” ပုံပြင်နှင့် မွေးနေ့ပွဲတွင် မွေးနေ့ကိတ်ဝယ်မည့် ပိုက်ဆံကို ဘိုးဘွားရိပ်သာသို့ အလှူသွားလုပ် ဖြစ်ခဲ့သော ဝါဝါအကြောင်းကို ရေးဖွဲ့ထားသည့် “မွေးနေ့ကိတ်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် မွေးနေ့ ဖိတ်စာ လိုက်ဝေသည့် ခင်ခင်ပြူးကို စာကြည့်တိုက်၊ ဘောလုံးကွင်းနဲ့ ရေကူးကန်တို့ကို မဖြတ်ရဘဲ အိမ်စေ့ ဝေနိုင်အောင် ကူညီပေးနိုင်မည့် “ဉာဏ်စမ်း” ၊ ရွှေသွေးဂျာနယ်တွင် ထည့်သွင်းနိုင်ရန် စာရေးဆရာများနှင့် ကာတွန်းဆရာများထံမှ စာမူနှင့် ကာတွန်း ဒီဇိုင်းများ ပို့ပေးနိုင်ရန် ကြော်ငြာသည့် “ရွှေသွေးဂျာနယ်သို့ စာမူနှင့် ကာတွန်းဒီဇိုင်းများ ပေးပို့ရန် ဖိတ်ခေါ်ခြင်း” ကြော်ငြာ၊ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများ ကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကျေးငှက်တို့နှင့် သာယာဖွယ်ကောင်း သော တောတောင်သဘာဝအကြောင်းကို ရေးဖွဲ့ထားသည့် “စုံတောမြိုင်” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ပြောင်းရွှေ့နေထိုင်မည့် အိမ်အသစ်တွင် ရေဖွင့်ပေးရန် ရေပေးဝေရေးကုမ္ပဏီအား အကြောင်းကြားပုံကို ပြောဆိုပုံအမျိုးမျိုးနှင့် ရေးဖွဲ့ထားသည့် “ရွှေသွေး စကားဝိုင်း” ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • အရောင်းဌာန
  • ရွှေသွေး
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman