• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၇-၇-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၀)ထွက်ရှိ

၂၇-၇-၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၀)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၀)၌ မုန်လာဥကို အလွန်ကြိုက်သော ဖိုးနီသည် မုန်လာဥများကို ကိုယ်တိုင်စိုက်ပျိုး စားသောက်ခြင်းက ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ကောင်းစွာ နားလည် သဘောပေါက်သွားပုံအကြောင်း တင်ဆက်ထားသည့် “ဖိုးဖြူနှင့် ဖိုးနီ” မျက်နှာဖုံးကာတွန်း၊ မိဘချင်းက မသင့်မြတ်ကြသော်လည်း အချင်းချင်း သင့်မြတ်အောင် နေကြမည်ဆိုသော ဖားကလေး နှင့် မြွေကလေးတို့အကြောင်း ရေးဖွဲ့ထားသည့် “သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊  ပျားကလေးများ ကို ပန်းရုံတောသို့ လိုက်ပို့ပေးသော လီယိုသည် ပျားကလေးများထံမှ ပျားသလက်ကလေးများကို စားခဲ့ရပုံအကြောင်း ရေးဖွဲ့ထားသည့် “ချိုအေးမွှေး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း ပုပုအပေါ် အထင်သေးစွာ ပြောဆိုဆက်ဆံခဲ့သော မိမိ၏ အပြုအမူသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်ကို ကောင်းစွာသဘောပေါက် နားလည်သွားသော ကြီးစိန်အကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင် သည့် ခွင့်လွှတ်ပါ သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ရာက မိမိကိုလည်း အနိုင်ကျင့်မည့်သူ ပေါ်ပေါက်လာတတ်ပုံအကြောင်း သရုပ်ဖော်ထားသည့် “အလှည့်” တစ်မျက်နှာ ကာတွန်းနှင့် ခန္ဓာကိုယ်အဆီကျအောင် ရေကူးတိုင်းလည်း အမှန်တကယ် အဆီမကျနိုင်ကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့်  “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် အက်ဇတက်လူမျိုးတို့သည် စိုက်ပျိုး‌ရေးလုပ်ငန်းကို တစ်စိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ရာက အင်ပါယာတစ်ခုကို တည်ထောင်နိုင်သည်အထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပုံ အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ခြင်္သေ့ကလေးစွမ်းစွမ်း သည် တောစောင့်နတ်မင်းကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ဖခင်ခြင်္သေ့မင်းကြီးထံမှ ခြင်္သေ့တို့ တတ်အပ်သော ပညာများကို အချိန်တိုအတွင်း သင်ကြားတတ်မြောက်ခဲ့ပုံအကြောင်း တင်ဆက်ထား ပါသည်။ ဝတ္ထုကဏ္ဍတွင် ပုချိုနှင့် ညိုကြီးတို့ မောင်နှမနှစ်ယောက်သည် သူတို့နေသော သက်ငယ်မိုး နှင့် အိမ်ကလေးကို တန်ဖိုးထားချစ်မြတ်နိုးသကဲ့သို့ သူတစ်ပါးတို့၏ အိမ်၊ အသိုက်အမြုံ တို့ကို တန်ဖိုးထားချစ်တတ်ရမည်ဖြစ်ကြောင်း သိရှိသွားပုံကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးအကြောင်း ရေးဖွဲ့ထားသည့် ဆရာ ဌေးကြည် (စလင်း)၏ “ပန်းလိုမွှေးတဲ့ ပါး" ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မိမိနေထိုင်သော တိုက်ခန်းတွင် ဖောက်ထွင်းမှုဖြစ်သည့်အတွက် စစ်ဆေးရန် ရောက်လာသော ရဲနှင့် ဖြစ်စဉ်ကို အပြန်အလှန် မေးမြန်းပြောဆိုပုံအကြောင်း အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထား သည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman