• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
¬၁၃ - ၁ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂) ထွက်ရှိ

¬၁၃ - ၁ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂)၌ အချို့သူများအတွက် ရုပ်ဆိုးသည်ဟု ထင်ရသော အရာသည် အခြားတစ်စုံတစ်ယောက် အတွက် အဖိုးထိုက်တန်သောအရာ ဖြစ်နေတတ်သည့်အတွက် အရာရာကို ကိုယ်ချင်းစာစိတ်ဖြင့် ဆုံးဖြတ် ဆောင်ရွက်သင့်ကြောင်း တင်ဆက်ထားသည့် “နန်းတော်ကြီးနဲ့ တဲငယ်လေး” မျက်နှာဖုံးဇာတ်လမ်း၊ သူငယ်ချင်းများနှင့်အတူ ကူညီဝိုင်းဝန်းဆောင်ရွက်လိုစိတ်မရှိ၍ ကပ္ပိယကြီးကျွေးသော မုန့်များကို မစား လိုက်ရသော ချက်ကြီးအကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ရှင်းစရာလေးတွေ” နှစ်မျက်နှာ ကာတွန်း၊ မိမိကိုယ်တိုင် မူးယစ်ဆေးဝါးကို မသုံးစွဲသော်လည်း အပေါင်းအသင်းမှားပေါင်းမိ၍ ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ကပ္ပလီ၏အစ်ကိုအကြောင်းကို တင်ဆက်ထားသည့် “ဝေးဝေးက ရှောင်ပါ” နှစ်မျက်နှာ ကာတွန်း၊ မိမိတတ်ကျွမ်းသော ပညာဖြင့် သူတစ်ပါးဒုက္ခရောက်စေရန် ဆောင်ရွက်မိ၍ မိမိကိုယ်တိုင် ဒုက္ခနှင့် ကြုံတွေ့ရပုံကို ရေးဖွဲ့ထားသည့် “ကိုယ့်အတတ်နဲ့ ကိုယ်” နှစ်မျက်နှာကာတွန်း၊ ပညာသင်ယူချိန် တွင် အတန်းဖော်အချင်းချင်း ချစ်ချစ်ခင်ခင်နေထိုင်ကာ ပညာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် ကာတွန်းရန်ကြီးအောင်၏ “ဆုရတီအောင်နဲ့ ကောက်ကောက်” တစ်မျက်နှာ ကာတွန်းနှင့် မြန်မာမုန့်အမည်များကိုပင် မသိဘဲ မြန်မာမုန့်ကြိုက်သည်ဆိုသော ကျော်ဘုအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းကျော်ကိုကို၏ “ကျော်ဘုရဲ့ မြန်မာမုန့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် ခုနစ်ထွေအကတွင် ပါဝင်သော ဝန်အကအကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ခုနစ်ထွေအက(ဝန်အက)” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ မိခင်ဖြစ်သူဥယျာဉ်သည်မကို ပုဏ္ဏားခြောက်ယောက်ထံတွင် အလှည့်ကျ အလုပ်အကျွေးပြုရသည့် ဒုက္ခမှ ကင်းလွတ်စေရန် ဆောင်ရွက်ပေးခဲ့သော ပညာရှိ သမီးအလိမ္မာအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိ သမီးအလိမ္မာ” ပုံပြင်နှင့် ပန်းခြံထဲရှိ လိပ်ပြာလေးများကို လိုက်ဖမ်းရာ လက်တွင် ဒဏ်ရာရရှိသွားရာမှ အသိတရား ရရှိသွားသော ဖိုးဇော်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးဇော်လိုချင်တဲ့ လိပ်ပြာလေးတွေ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ပေးပို့ သော ပန်းချီလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့်  မူးယစ်ဆေး၏ ဆိုးကျိုးများကို ရေးဖွဲ့တင်ဆက်ထားသည့် “ရှောင်လေ‌ဝေးဝေး မူးယစ်ဆေး” ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သီတင်းပတ် ကုန်ဆုံးရက်တွင် တစ်ခုခုစီစဉ်ထားပါသလားဆိုသည်ကို ပုံစံအမျိုးမျိုးဖြင့် ပြောဆိုပုံကို တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာမူများ
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • စာပေရေချမ်းစင်
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman