• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၀ - ၇ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၉) ထွက်ရှိ

၂၀ - ၇ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၉) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၂၉)၌ မိမိတို့၏ လုပ်ဆောင်မှုကြောင့် နောင်ဖြစ်လာမည့် အကျိုးအပြစ်ကို မဆင်ခြင်သည့်အပြင် အသက်အရွယ်ကြီးသူ၏ လမ်းညွှန်ပြောကြားမှုကို မလိုက်နာမိသဖြင့် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသော သစ်ပင်ပျို နှစ်ပင်အကြောင်းကို ရေးဖွဲ့ထားသည့် “တစ်တောတည်းနေ သစ်ပင်နဲ့ ခြင်္သေ့များ” မျက်နှာဖုံးဇာတ်လမ်း၊ လူကို ယစ်မူးစေသည့် အရက်ကိုသောက်၍ ဒုက္ခရောက်ခဲ့ရသော ကွက်ကျားအကြောင်းကို ရေးဖွဲ့ထား သည့် “ကွက်ကျော် ကွက်ကျား- အမှန်အမှား” နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်တို့၏ သဘာဝကို မသိရှိဘဲ ကြောင်ကလေးကို သစ်ပင်ပေါ်မှ မဆင်းနိုင်ဟု ထင်ကာ ကူညီပေးရန် သစ်ပင်ပေါ်တက်ရာမှ မိမိကိုယ်တိုင် ပြန်မဆင်းတတ်ဖြစ်နေသော ဖြိုးရဲအကြောင်းကို  ရေးဖွဲ့ထားသည့် “ဖြိုးရဲ- စေတနာဇော” နှစ်မျက်နှာ ကာတွန်း၊ မူးယစ်စေတတ်သော အရာများသည် လူကိုသာမက တိရစ္ဆာန်ကိုပင် ဒုက္ခရောက်စေနိုင်ကြောင်း ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် မျောက်” နှစ်မျက်နှာကာတွန်း၊ ဂိမ်းကစားလွန်း၍ မျက်မှန်အထူ ကြီး တပ်ထားရသော ဖိုးတစ်တိုအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် စကားကို မဆင်မခြင်ပြောဆိုမိ၍ မိမိတို့လျှို့ဝှက်ထားချင်သော အကြောင်းအရာ ပေါ်သွားသည်ကို ဟာသ ဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “မပြောနဲ့ ညီလေး” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ကောင်းမှုကုသိုလ်များနှင့် ပြည့်စုံကာ ထူးမြတ်လှသော ဝါဆိုလအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ကောင်းမှုထိုထို လဝါဆို” သုတဆောင်းပါး၊ အသားစားကျူးသည့် မိကျောင်းကို မိတ်ဆွေအဖြစ် ပေါင်းသင်းမိ၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော ဘဲလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ယုံစားမိသူ” ပုံပြင်နှင့် ကျန်းမာရေးမကောင်းသည့် အဒေါ်ဖြစ်သူကို လူနာစောင့်ပေးရာမှ သူနာပြုဆရာမ     ဖြစ်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ခဲ့သော မွန်မွန်အကြောင်းကို ရေးဖွဲ့ထားသည့် “စေတနာမှ ဝါသနာသို့”  ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ”ကဏ္ဍ၊ ကလေးများအား ဉာဏ်ကွန့်မြူးစေမည့် ဂဏန်းသင်္ချာများကို တွက်ချက် နိုင်စေရန် ရေးဆွဲထားသည့် “ဂဏန်းသင်္ချာ တွက်ကြမယ်” ဉာဏ်စမ်းနှင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပုံနှင့် ဝါဆိုလတွင် ပြုလုပ်လေ့ရှိသော အကြောင်းအရာများကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “လမြတ်ဝါဆို” ကဗျာတို့ ပါဝင်ပါသည်။ ပစ္စည်းတစ်ခုကို ဝယ်ယူရာ၌ ၎င်းပစ္စည်းကို မိမိနှင့် အသုံးတည့်ရန်၊ အရည်အသွေး ကောင်းမွန်ရန်နှင့် ဈေးနှုန်းသင့်တင့်ရန် အတွက် ဈေးဝယ်သူနှင့် ဈေးရောင်းသူတို့ အပြန်အလှန် ပြောဆိုပုံကို ရေးဖွဲ့ထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • စာပေဗိမာန်
  • စာမူများ
  • ပုံနှိပ်ရေး
  • ရွှေသွေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman