• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၃ - ၇ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၈) ထွက်ရှိ

၁၃ - ၇ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၈) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၂၈)၌ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့သော ကြွပ်ကြွပ်အိတ်ကြောင့် ဗျိုင်းကလေး  ဖြူဖွေး သေဆုံးသွားခဲ့ရာ မှ အမြင်မှန်ရရှိသွားသော မောင်စံပျော်အကြောင်း သရုပ်ဖော်ထားသည့် “လွယ်လွယ်မပစ်နဲ့” မျက်နှာဖုံး ကာတွန်း၊ မိုးလေဝသခန့်မှန်းစက်မလိုဘဲ နွားတွေ အိပ်တာ၊ မတ်တတ်ရပ်တာကို ကြည့်ပြီး ခန့်မှန်းနိုင် ကြောင်း တင်ဆက်ထားသည့် “မိုးလေဝသခန့်မှန်းစက်” နှစ်မျက်နှာကာတွန်း၊ သူ့အမေ ဝယ်ခိုင်းလိုက် သော ကြက်ဥများ သူ့ကြောင့် ကွဲသွား၍ ကောက်ရသော ပိုက်ဆံဖြင့် ကြက်ဥများ ပြန်ဝယ်လိုက်ရသည့် အတွက် မုန့်မစားလိုက်ရသော ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ- လောဘ” နှစ်မျက်နှာ ကာတွန်း၊ ယုန်ဘွားဘွားကြောင့် ဝံပုလွေ၏  ရန်မှ လွတ်မြောက်သွားခဲ့သည့် ဖြူဖွေးအကြောင်း တင်ဆက် ထားသည့် “ဉာဏ်ကောင်းတဲ့ ဖြူဖွေးနဲ့ ဘွားဘွား” နှစ်မျက်နှာကာတွန်း၊ သူ့ဆန္ဒ အလိုမကျမှုကြောင့် အမေကို အပြစ်တင်ထားသည့် နှောင်းလေးအကြောင်း တင်ဆက်ထားသည့် “အိဖောင်းနဲ့ မိနှောင်း” တစ် မျက်နှာကာတွန်းနှင့် အိမ်မှ ရွှေတိဂုံဘုရားကို လှမ်းမြင်ရသော်လည်း ရွှေတိဂုံဘုရားမှ သူ့အိမ်ကို လှမ်းမမြင် ရဘူးဟူသည့် ပေါ်ဝိုင်းနှင့် မိဆုတို့အကြောင်း တင်ဆက်ထားသည့် “အံ့ဩလိုက်တာများကွာ” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
တစ်ဆယ့်နှစ်လရာသီတွင် လများအလိုက် ပွင့်သော ပန်းများနှင့် ပွဲတော်များအကြောင်း ဗဟုသုတရစေမည့် “လအလိုက် ပွင့်သောပန်းများနှင့် ပွဲတော်များ” သုတဆောင်းပါးကို တင်ဆက်ထားပါ သည်။ ဆရာမက သူတို့အပေါ်တွင် ထားရှိသော မေတ္တာ၊ စေတနာနှင့် အနစ်နာခံမှုကို နားလည်သဘော ပေါက်သွားသည့် တပည့်များအကြောင်း ရေးသားထားသည့် “ဆရာ့မေတ္တာ” ဝတ္ထုကို တင်ဆက်ထားပါ သည်။ လူ့လောကတွင် အမျိုးမတူပါက မိတ်ဆွေအဖြစ် မပေါင်းသင်းအပ်ကြောင်း ရေးသားထားသည့် “သန်းနဲ့ ကြမ်းပိုး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာ များကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးဂျာနယ် အထူးထုတ်(၂၀၂၄) ပါ “ကလေးတို့အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ” တွင် ကလေးတို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်သည့် ကြော်ငြာစာတို့ကို တင်ဆက်ထားပါသည်။ တိုင်းပြည်အတွက် အသက်စွန့်သွားသည့် အာဇာနည် ခေါင်းဆောင်ကြီးများကို ဦးညွှတ်ကာ ဂုဏ်ပြုသင့်ကြောင်း ရေးဖွဲ့ထားသည့် “ဂုဏ်ပြုကြစို့” ကဗျာနှင့် အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိပ်ခန်းမျက်နှာကြက်မှ ရေယိုခြင်းနှင့် ပတ်သက်၍ အိမ်ငှားက အိမ်ရှင်ကို အသိပေးအကြောင်းကြား ပြောဆိုပုံကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman